တက္ကသိုလ်ကျောင်းသား ကျောင်းသူများ၏ ပန်းချီပြပွဲ ကျင်းပ
DVB
·
February 23, 2018

တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေရဲ့ ပန်းချီပြပွဲကို ရန်ကုန်တက္ကသိုလ် အပန်းဖြေရိပ်သာမှာ ဖေဖော်ဝါရီ ၂၃ ရက်ကနေ ၂၇ ရက် အထိ ကျင်းပပြုလုပ်နေပါတယ်။
ရန်ကုန်တက္ကသိုလ် ရာပြည့်အကြို ကံ့ကော်ရနံ့လို့ အမည်ပေးထားတဲ့ ဒီပြပွဲမှာ ပန်းချီဆရာအယောက် ၈၀ ကျော်ရဲ့ ပန်းချီကား ၁၅၀ ကျော်ကို ပြသထားတာဖြစ်ပါတယ်။
ပါဝင်တဲ့ ပန်းချီဆရာတွေကတော့ ရန်ကုန်တက္ကသိုလ်က ကျောင်းသားကျောင်းသူတွေ အပြင် တခြားတက္ကသိုလ်က ကျောင်းသား ကျောင်းသူတွေလည်းပါဝင်ပြီး ပန်းချီလောကမှာ နာမည်ကြီးနေတဲ့ တက္ကသိုလ်ကျောင်းသား ဟောင်းတွေရဲ့ လက်ရာတွေလည်း ပါဝင်ပါတယ်။