၁၃ ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးမှူး ညီလာခံ ကျင်းပ
DVB
·
February 23, 2018

၁၃ ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းညီလာခံကို ဖေဖဝါရီ ၂၃ ရက်ကနေ ၂၄ ရက်အထိ ကျင်းပနေပါတယ်။
ညီလာခံပထမနေ့မှာတော့ အကြိုညှိနှိုင်းဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံ ကျန်းမာရေးကောင်စီ ဥပဒေမူကြမ်း အပါအဝင် ကျန်းမာရေးမှူးအသင်းနဲ့ သက်ဆိုင်တဲ့ အဆိုပြုလွှာတွေ တင်သွင်းခဲ့ကြပါတယ်။
ညီလာခံ ဒုတိယနေ့မှာတော့ ဖွင့်ပွဲအခမ်းအနားကို ကျင်းပမှာဖြစ်ပြီး တင်သွင်းထားတဲ့ အဆိုပြုလွှာတွေကို အတည်ပြုသွားမှာ ဖြစ်ပါတယ်။
ဒီ ညီလာခံကို တိုင်းနဲ့ ပြည်နယ် အသီးသီးက ကျန်းမာရေးမှူး ၈၀ ကျော်နဲ့ လေ့လာသူ ၁၆၀ ဝန်းကျင်လောက်အထိ တက်ရောက်ခဲ့ပါတယ်။











