DVB Logo
Home
မြန်မာသတင်း
မြင်းခြံမြိုနယ်မှ တရားမဝင်​ လူကုန်​ကူးခံရသူ ၅၂ ဦး ပြန်လည်ရောက်ရှိ
DVB
·
February 23, 2018
မြင်းခြံမြိုနယ်မှ တရားမဝင်​ လူကုန်​ကူးခံရသူ ၅၂ ဦး ပြန်လည်ရောက်ရှိ
Donate to DVB

မန္တ​လေးတိုင်း​ဒေသကြီး၊ မြင်းခြံမြို့နယ်​မှ မြင်းခြံမြို့ပေါ် အပါအဝင်​၊ ​ကျေးရွာအများစုက အမျိုးသား/အမျိုးသမီး ၅၂ ဦးတို့ဟာ လူကုန်​ကူးမှုခံရပြီး ​ဖေ​ဖော်​ဝါရီ ၂၂ ရက်​​ညပိုင်းက ပြန်လည်ရောက်ရှိလာတယ်လို့ သိရပါတယ်။

ဖြစ်​စဉ်​မှာ ​ ပွဲစားဖြစ်​သူ အမျိုးသား ၂ ဦးက တရုတ်​ပြည်​ ပရိဘောဂ စက်ရုံမှာ တလကို အနည်းဆုံး ၅ သိန်းလောက်ရမယ်လို့ စည်းရုံး​ခေါ်​ဆောင်​သွားခဲ့ရာမှ မြင်းခြံမြို့နယ်​ရှိ ​ကျေးရွာအစုံမှ အမျိုးသား/အမျိုးသမီး ၅၂ ဦးဟာ ​ဖေ​ဖော်​ဝါရီ ၂၁ ရက်​​နေ့က မြင်းခြံ-လားရှိုး-မူဆယ်​ ခရီးစဉ်​ ​ပြေးဆွဲ​နေ​သော ကြယ်​တံခွန်​ မှန်လုံ​ယာဉ်​နဲ့ ထွက်​ခွာသွားခဲ့ပါတယ်။

ည ၈ နာရီလောက်မှာ ​မန္တ​လေးတိုင်း​ဒေသကြီး ပုသိမ်​ကြီးမြို့နယ်​ အုန်း​ချောရွာ Asia World တိုးဂိတ်​အနီး  သတင်း​ပေးတိုင်​ကြားချက်​အရ မန္တ​လေးတိုင်း​ လူကုန်​ကူးမှု တားဆီး​ရေး အဖွဲ့ အမှတ်​ ၈၆ ယာဉ်​ထိန်းတပ်​စု၊ အုန်း​ချောနယ်​​မြေ ရဲတပ်​ဖွဲ့၊ အုပ်​ချုပ်​​ရေးမှူးနဲ့ လုံခြုံ​ရေးအဖွဲ့တို့က စစ်​​ဆေး​မေးမြန်းခဲ့ရာ တရုတ်​ပြည်​ကုယိ တရားမဝင်​ သွား​ရောက်​ အလုပ်​လုပ်​မယ့်သူတွေ ဖြစ်​​နေတာ​ကြောင့် စစ်​​ဆေး​မေးမြန်​မှု​ခဲ့ပြီး ပုသိမ်​ကြီးမြို့နယ်​ နယ်​​မြေရဲစခန်းမှ မြင်းခြံမြို့နယ်​ အ​ထွေ​ထွေအုပ်​ချုပ်​​ရေးမှူးရုံးထံ ​ဖေ​ဖော်​ဝါရီ ၂၂ ရက်​​နေ့ ည​နေပိုင်းမှာ ပြန်​လည်​လွှဲပြောင်း ပို့ေ​ဆာင်​​ပေး​လိုက်​တာလည်း ဖြစ်​ပါတယ်​။

မကျီးသမျှား ​ကျေးရွာမှ ဦးသန်းဦးက “အလုပ်​ရမယ်​​ပြောလို့ လိုက်​တာပါ၊ ပွဲစားကို ​ငွေ ၅၅၀၀၀၀ ကျပ်​​ပေးရပါတယ်​။ ကားခ ၁၅၀၀၀ ကျပ်​လည်း​ပေးရတယ်​။ မိသားစု အခက်​အခဲများ​နေလို့ပါ။ ပြီး​တော့ ပွဲစားက ၁ လ ၅ သိန်း​ကျော်​ ရမယ်​လို့​ပြော​တော့ လိုက်​ခဲ့တာ​ပေါ့။ မြန်​မာပြည်​မှာက ဒီ​လောက်​ ဝင်​​ငွေ မရဘူး​လေ။ မြန်​မာပြည်​ထက်​ ဝင်​​ငွေ​ကောင်း​တော့ စိတ်​ဝင်​စားပြီး လိုက်​ခဲ့တာပါ” လို့ ​ပြောပါတယ်​။

ဖေ​ဖော်​ဝါရီ ၂၂ ရက်​ ည ၈ နာရီ ​ကျော်​မှာ လူကုန်​ကူးမှုခံရတဲ့ အမျိုးသား/အမျိုးသမီး ၅၂ ​ယောက်​ဟာ ပုသိမ်​ကြီးမြို့နယ်​မှ ကြယ်​တံခွန်​မှန်​လုံယာဉ်​နဲ့ မြင်းခြံမြို့ အ​ထွေ​ထွေအုပ်​ချုပ်​​ရေးမှူးရုံးကို ပြန်​လည်​​ရောက်​ရှိလာပြီး မိသားစုဝင်​တွေဆီ ပြန်​လည်​ပို့​ ဆောင်​​ပေးခဲ့ပါတယ်​။

မြင်းခြံမြို့နယ်​ အ​ထွေ​ထွေအုပ်​ချုပ်​​ရေးမှူး ဦးညီညီ​အောင်​က “ကျ​နော်​တို့က ခု ပြန်​လည်​​ရောက်​ရှိလာသူ​တွေကို သူတို့ မိသားစုဝင်​​တွေလက်​ထဲ​ သေချာ ပြန်​လည်​အပ်​နှံသွားမှာပါ။ လူကုန်​ကူးမှု တာဆီးကာကွယ်​​ရေးဆို​တော့ အဓိက ​ထွေအုပ်​နဲ့၊ ရဲနဲ့ ဆိုင်​တာ​ပေါ့။ ခုလို လူကုန်​ကူးမှု မခံရ​အောင်​ သူတို့​တွေကို အလုပ်​အကိုင်​အခွင့်အလမ်း ရရှိအောင်​ ​ဆောင်​ရွက်​​ပေးဖို့ပါပဲ” လို့ ဒီဗွီဘီကို ​ပြောပါတယ်​။

ပြန်​လည်​​ရောက်​ရှိလာ​သော လူကုန်​ကူးမှုခံရသူ ၅၂ ဦး ထဲမှ၊ ​ကျေးရွာတွေအထိ ပြန်​ရမယ့်သူတွေကို မြင်းခြံမြို့ရှိ ပရဟိတ လူမှု​ရေးအသင်းအဖွဲ့အစည်းတွေက အသင်း ယာဉ်​တွေနဲ့ မိသားစုဝင်​အိမ်​တွေအထိ လိုက်​ပါ ပို့​ဆောင်​​ပေးခဲ့ကြတယ်လို့ အဖြူ​ရောင်​လက်​များ ပရဟိတအသင်း ဥက္ကဋ္ဌ ဦး​အေးချမ်းနိုင်​က ပြောပါတယ်။

တရားမဝင်​လူကုန်​ကူးမှု ခံရသူ အမျိုးသား ၄၄ ဦး၊ အမျိုးသမီးငယ်​ ၈ ဦး တို့ ပါဝင်​ကြပြီး အသက်​ ၁၈ နှစ်​​အောက်​ရှိ လူငယ်​တွေလည်း ပါဝင်ပါတယ်။ တရုတ်​ပြည်​ကို အလုပ်​ရမယ်​ဆိုပြီး ​ခေါ်​ဆောင်​သွားသူ အမျိုးသား ၂ ဦးကို​တော့ အုန်း​ချော နယ်​​မြေရဲစခန်းက ပြည်​ပ အလုပ်​အကိုင်​ဆိုင်​ရာ ဥပ​ဒေပုဒ်​မ -၂၆ နဲ့ အမှုဖွင့် အ​ရေးယူထားတယ်လို့ သိရပါတယ်​။

သတင်း ရီရီထွန်း (မြင်းခြံ )

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013