DVB Logo
Home
မြန်မာသတင်း
မုံရွာမြို့တွင် လူငယ်ရေးရာမူဝါဒ မိတ်ဆက်ရှင်းလင်း
DVB
·
February 23, 2018
မုံရွာမြို့တွင် လူငယ်ရေးရာမူဝါဒ မိတ်ဆက်ရှင်းလင်း
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြို့တော်ခန်းမမှာ လူငယ်ရေးရာမူဝါဒ မိတ်ဆက်ရှင်းလင်းပွဲနဲ့ ရှေ့လုပ်ငန်းစဉ်တွေ ရှင်းလင်းပွဲအခမ်းအနားကို လူငယ်ရေးရာ မူဝါဒရေးဆွဲရေးဆိုင်ရာ ကော်မတီက ဦးဆောင်ပြီး ဖေဖော်ဝါရီလ ၂၃ရက်ကနေ ၂၄ရက်ထိ  ၂ ရက်တာကျင်းပနေပါတယ်။

ဒီအခမ်းအနားကို လူငယ်မူဝါဒမိတ်ဆက်တာ၊ မဟာဗျူဟာမှာ ထည့်သွင်းမယ့် အကြောင်းအရာတွေ ဆွေးနွေးတာ၊ လူငယ့်ရေးရာကော်မတီဝင် ရွေးချယ်တာစတဲ့ ကဏ္ဍ ၃ ရပ်နဲ့ ကျင်းပပြုလုပ်နေတာ ဖြစ်ပါတယ်။

ဒီအခမ်းအနားကို နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက လူငယ်ကိုယ်စားလှယ်တွေ အပါအဝင် စစ်ကိုင်းတိုင်းအတွင်း မြို့နယ်တွေက ကိုယ်စားပြုလူငယ်တွေ၊ စိတ်ပါဝင်စားတဲ့ လူငယ်တွေ၊ ဌာနဆိုင်ရာတွေနှင့် စစ်ကိုင်းတိုင်းအစိုးရအဖွဲ့မှ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

လူငယ်တွေရဲ့ကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အန်အယ်လ်ဒီအစိုးရ တက်လာခါစက ရက် ၁၀၀ စီမံချက်မှာလည်း လူငယ်ရေးရာမူဝါဒကို ထည့်သွင်းခဲ့ပြီး လူကယ်ပြန်၊ ကျန်းမာရေး၊ ပညာရေး စတဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေ၊ မြန်မာနိုင်ငံအနှံ့က လူငယ်ကိုယ်စားလှယ်တွေ ပူးပေါင်းပြီး လူငယ့်ရေးရာမူဝါဒကို ၁ နှစ်ခွဲကျော်အကြာ ရွေးဆွဲထားတာလည်း ဖြစ်ပါတယ်။

လူငယ့်ရေးရာမူဝါဒမှာ လူငယ်နှင့် ပညာရေး၊ ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင် စတဲ့ ကဏ္ဍ ၁၆ ခုကို ထည့်သွင်းထားပါတယ်။

အခမ်းအနား တက်ရောက်လာတဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က “လူငယ်တွေအတွက် ပညာရေး၊ ကျန်းမာရေးနှင့် အားကစားကဏ္ဍတွေမှာ မြို့ပြနှင့် ကျေးလက် ကွာဟမှုမရှိစေရေးနှင့် အခြေခံပညာရေးကို လူငယ်တိုင်း လက်လှမ်းမီရရှိစေရေး၊ လက်တွေ့လုပ်ငန်းခွင့်နှင့် အံဝင်ခွင်ကျဖြစ်မယ့် နည်းပညာနှင့် သက်မွေးပညာတွေ တပြေးညီ သင်ယူနိုင်ရေး၊ ကျောင်းထွက်နှုန်း လျော့ကျရေး လုပ်ငန်းစဉ်တွေကို ဦးစားပေး ဆောင်ရွက်သွားရမှာပြီး အလုပ်အကိုင် အခွင့်အလမ်းကဏ္ဍမှာ အသက်အရွယ်၊ အရည်အချင်းနဲ့ကိုက်ညီတဲ့ အလုပ်အကိုင် ဖန်တီးပေးရေးနဲ့ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ သတင်းအချက်အလက်တွေ လက်လှမ်းမီ ရရှိရေးတို့အတွက် လုပ်ဆောင်သွားရမှာ ဖြစ်တယ်”လို့ ပြောဆိုခဲ့ပါတယ်။

လူငယ်ရေးရာမူဝါဒက လူငယ်တွေအတွက် အင်မတန်ကောင်းမွန်ပြီး အကောင်အထည်ဖော်တဲ့ နေရာမှာ ၅ ပုံ ၁ ပုံလောက် အကောင်အထည်ဖော်နိုင်ရင်တောင် လူငယ်တွေအတွက် အနာဂတ် တော်တော်ကောင်းလာမယ်လို့လည်း လူငယ်ရေးရာ မူဝါဒရေးဆွဲရေး ကော်မတီဝင်တဦးက ပြောပါတယ်။

မဟာဗျူဟာကို လာမယ့်ဇွန်လအကုန်မှာ ပြီးအောင်ရေးဆွဲသွားဖို့ ရည်မှန်းထားပြီး လိုအပ်တာ ပြင်ဆင်ဖြည့်စွက်ကာ လွှတ်တော်ကို တင်သွင်းသွားမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013