DVB Logo
Home
မြန်မာသတင်း

ပင်လည်ဘူးမြို့နယ်တွင် ဘိန်းမည်း ကျပ် သိန်း ၁၀၀ ကျော်ဖိုးဖမ်းမိ

DVB
·
February 23, 2018
ပင်လည်ဘူးမြို့နယ်တွင် ဘိန်းမည်း ကျပ် သိန်း ၁၀၀ ကျော်ဖိုးဖမ်းမိ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ်မှာ ဖေဖော်ဝါရီ ၂၂ ရက် ညနေပိုင်း မူးယစ်ဆေးဝါး ဘိန်းမဲတွေ  ဖမ်းဆီးရမိခဲ့တယ်လို့ ပင်လည်ဘူးမြို့မ ရဲစခန်းက ဒီဗွီဘီကိုပြောပါတယ်။

ပင်လည်ဘူး မြို့မရဲစခန်းက ဒုရဲအုပ် လှိုင်ပေါ ဦးဆောင်တဲ့ တပ်ဖွဲ့ဝင်တွေဟာ ပင်လည်ဘူး - ကောလင်းသွားလမ်းပင်လည်ဘူးမြို့ အထွက်မှာ မူးယစ်ဆေးဝါး သတင်းအရ စောင့်ဆိုင်းနေချိန် ဆိုင်ကယ်စီးနှင်းလာတဲ့ မသင်္ကာဖွယ် လူတဦးကို စစ်ဆေးရာက ပီနံအိတ်နဲ့ ထည့်ပြီးသယ်လာတဲ့ မူးယစ်ဆေးဝါး ဘိန်းမဲတွေကို ရှာဖွေတွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

မူးယစ်ဆေးဝါး ဘိန်းမဲ ၁ ထုပ်ကို ၁ ပိဿာ ခန့်စီပါ ၂ ထုပ်၊ ၉ ကျပ်သားခန့်စီပါ ၁၃ ထုပ်၊ ၈၀ ကျပ်သားခန့်စီပါ ၁၅ ထုပ်၊ ၇၀ ကျပ်သားခန့်စီပါ ၄ ထုပ် ၄၆၅၃၈ ဒသမ ၆၇ ဂရန် ကာလတန်ဖိုး ငွေကျပ် (၁၃၉) သိန်းကျော်ဖိုး ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

ပင်လယ်ဘူးမြို့မ ရဲစခန်းက     မူးယစ်ဆေးဝါး ဘိန်းမဲတွေကို သယ်ဆောင်လာတဲ့ မြင့်အောင် ကို မူးယစ်ဆေဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်သော ဥပဒေပုဒ်မ ၁၅/၁၉ (က) နဲ့ အမှုဖွင့် အရေးယူထားပါတယ် ။

သီဟဆွေ - ကသာ

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013