
အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရတာတွေနဲ့ ပတ်သက်ပြီး အလုပ်ရှင်နဲ့ ၆ ကြိမ်တိုင်ညှိနှိုင်းမှု မပြေလည်တဲ့အတွက် ပရီမီယာကော်ဖီစက်ရုံက အလုပ်သမား ၇၀၀ ကျော်ဟာ လှိုင်သာယာမြို့နယ်မှာ ဒီကနေ့မှာ ဆန္ဒထုတ်ဖော်နေကြပါတယ်။
အလုပ်သမားတွေဟာ လုပ်ခလစာပြဿနာ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ခွင့်ခံစားခွင့်နဲ့ တန်းတူညီမျှမူ ပြဿနာတွေအပါဝင် တောင်းဆိုချက် ၁၄ ချက်ကို တောင်းဆိုထားပေမယ့် အဓိကကျတဲ့ အချက်တွေကို ညှိနှိုင်းမှုတွေ မလုပ်တာကြောင့် ခုလို ဆန္ဒထုတ်ဖော်တာလို့ ဆိုပါတယ်။
စက်ရုံဘက်ကတော့ အလုပ်သမားတွေအနေနဲ့ ဖေဖော်ဝါရီ ၂၁ နေ့အလုပ်ပြန်မဝင်ရင် အလိုလျောက်အလုပ်ကနေ နုတ်ထွက်ပြီးသား ဖြစ်တယ်ဆိုတာကို စက်ရုံရှေ့မှာ စာကပ်ကြေညာ ထားပါတယ် ။











