ဘူးသီးတောင်မြို့နယ်တွင် ဒေသန္တရ လက်လုပ်မိုင်း ၂ လုံးတွေ့ရှိ
DVB
·
February 23, 2018

ဘူးသီးတောင်မြို့နယ်၊ တင်းမေကျေးရွာအနီးမှာ ဒေသန္တရ လက်လုပ်မိုင်းနှစ်လုံး သိမ်းဆည်းရမိခဲ့ပါတယ်။
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ တင်းမေကျေးရွာအနီးမှာ မိုင်းနှစ်လုံး တွေ့ရှိကြောင်း သတင်းအရ ဒီနေ့မနက်ပိုင်းက လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သွားရောက်ရှာဖွေရာ ကျေးရွာရဲ့ တောင်ဘက် မီတာ ၃ဝဝ အကွာလောက်က ဝါးရုံအောက်မှာ ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားတွေ စွန့်ပစ်ခဲ့တဲ့ လက်လက်မိုင်း ၂ လုံးကို တွေ့ရှိခဲ့တာလို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
အချင်း ၄ လက်မခွဲ၊ အရှည် ၇ လက်မခန့်ရှိ ကားပစ္စတင်နဲ့ ပြုလုပ်ထားပြီး သံချေးတက်နေတဲ့ ဒေသန္တရ လက်လုပ်မိုင်း ၁ လုံးနဲ့ အချင်း ၂ လက်မ၊ အရှည် ၉ လက်မရှိ သံပိုက်လုံးနဲ့ ပြုလုပ်ထားတဲ့ အဝေးထိန်းစနစ်သုံး ဒေသန္တရလက်လုပ်မိုင်း ၁ လုံးတို့ကို ရှာဖွေတွေ့ရှိခဲ့တာပါ။
အဆိုပါ မိုင်းတွေ့ရှိတဲ့ နေရာတဝိုက်ကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ မိုင်းရှင်းလင်းရေး လုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နေတယ်လို့ သတင်းရရှိပါတယ်။
Photo : CINCDS