DVB Logo
Home
မြန်မာသတင်း
ဝမ်းတွင်းတွင် မီးကြွင်းမီကျန်မှတဆင့် နေအိမ် ၁ လုံး မီးလောင်
DVB
·
February 23, 2018
ဝမ်းတွင်းတွင် မီးကြွင်းမီကျန်မှတဆင့် နေအိမ် ၁ လုံး မီးလောင်
Donate to DVB

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် ဆူးပန်းရွာ ဖေဖော်ဝါရီ ၂၂ ရက်မနက်က မီးဖိုထဲက မီးကြွင်းမီးကျန်ကနေ မီးလောင်ရာ အုတ်ကာ ပျဉ်ခင်း နှစ်ထပ်အိမ် ၁ လုံး မီးလောင်သွားတယ်လို့ ဝမ်းတွင်းမြို့နယ် မီးသတ်ဦးစီးဌာနက ပြောပါတယ်။

ဝမ်းတွင်းမြို့မရဲစခန်း ဒုရဲအုပ်အောင်ကိုကိုက “ဦးညွန့်လွင်နဲ့ဇနီး နှစ်ဦးတည်း နေတဲ့အိမ်ပါ။ သားသမီးတွေက ဝန်ထမ်းတွေဆိုတော့ တခြားမြို့ ရောက်နေတယ်။ အဖီဆွဲချပြီး မီးဖိုလုပ်ထားတာ။ အဲဒီက စလောင်တယ်။ လင်းအားကြီး အိပ်ကောင်းချိန်ဆိုတော့ လူကို မီးလာဟပ်မှ လန့်နိုးတယ်တဲ့။ အဲဒီအချိန်မှာ အပေါ်ထပ်တက်တဲ့ လှေကားလောင်နေပြီ။ ဘာမှ ယူချိန်မရလိုက်ဘူး။ တအိမ်လုံး လောင်သွားတယ်” လို့ ပြောပါတယ်။

ဝမ်းတွင်း မီးသတ်ဦးစီး ဦးကျော်မျိုးက “ဝမ်းတွင်းနဲ့ ၁၂ မိုင်ဝေးတဲ့နေရာပါ။ မီးသတ်ကား ၄ စီးနဲ့ သန္ဓေတပ်ဖွဲ့ဝင် ၁၂ ဦး‎နဲ့ သွားတယ်။ ရွာကလူတွေ ဝိုင်းငြှိမ်းလိုက်လို့ ဘာမှ မသုံးလိုက်ရပါဘူး။ ‎၄ ပင် ၃ ပင် ၂ ထပ်အိမ် ၁ လုံးလုံး မီးလောင်သွားတယ် ဘာမှမရလိုက်ဘူး။ ဦးညွန့်လွင်ကိုကြည့်ပြီး စိတ်မကောင်းဖြစ်ရတယ်။ အိမ်ဝိုင်းကျယ်တယ်၊ လေငြိမ်နေတော့ တခြားကို မီးမကူးပါဘူး။ ‎လူနဲ့ တိရစ္ဆာန် ထိခိုက်မှုမရှိပါဘူး။ ဆုံးရှုံးမှုတန်ဖိုး ၂ သိန်း ‎၉ သောင်း ၇ ထောင် ရှိတယ်” လို့ ပြောပါတယ်။

ဝမ်းတွင်းမြို့မရဲစခန်းက ဦးညွန့်လွင်ကို ‎မီးပေါ့ဆမှု ရာဇသတ်ကြီး ပုဒ်မ ၂၈၅၊ ‎(ပ)၄၈/၂၀၁၈ နဲ့ အမှုဖွင့်ထားပါတယ်။

‎သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013