DVB Logo
Home
မြန်မာသတင်း
Other account များ ဦးသိန်းစိန်အစိုးရ၏ စီမံခန့်ခွဲမှုအမှား မဟုတ်ဟု ဝန်ကြီးဟောင်းရှင်း
DVB
·
February 23, 2018
Other account များ ဦးသိန်းစိန်အစိုးရ၏ စီမံခန့်ခွဲမှုအမှား မဟုတ်ဟု ဝန်ကြီးဟောင်းရှင်း
Donate to DVB

ဝန်ကြီးဌာနတွေရဲ့ Other account တွေဟာ သမ္မတဦးသိန်းစိန် အစိုးရအနေနဲ့ မရိုးဖြောင့်တဲ့သဘောနဲ့ တမင်ရည်ရွယ်လုပ်ခဲ့တဲ့ စီမံခန့်ခွဲမှုအမှား မဟုတ်ဘူးလို့ ဝန်ကြီးဟောင်း ဦးတင်နိုင်သိန်းက ပြောပါတယ်။

အရင်အစိုးရလက်ထက် သမ္မတရုံးဝန်ကြီးတာဝန် ထမ်းဆောင်ခဲ့ဖူးတဲ့ ဦးတင်နိုင်သိန်းက ဖေဖော်ဝါရီ ၂၁ ရက်မှာ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ရှင်းလင်းတင်ပြခဲ့တာဖြစ်ပြီး ဒီငွေစာရင်းတွေဟာ စာရင်းဖျောက်လို့မရတဲ့ ငွေစာရင်းတွေ ဖြစ်တယ်လို့လည်း ဖော်ပြပါတယ်။

“ဒီငွေစာရင်းများကို စာရင်းစစ်ချုပ်ရုံး စစ်ဆေးချက်မှာရော ဘဏ္ဍာအခွန်ဝန်ကြီးဌာန စာရင်းနဲ့ ဘဏ်ငွေစာရင်းတွေမှာ စာရင်းပေါ်နေတဲ့ငွေ ဖြစ်ပါတယ်။ စာရင်းဖျောက်လို့ မရပါ။”

ဒါ့အပြင် ဒီငွေစာရင်းတွေဟာ တပ်မတော်အစိုးရလက်ထက် စီးပွားရေးဝန်ကြီးဌာနတွေအနေနဲ့ စီးပွားရေးဆန်ဆန် လုပ်နိုင်အောင် revolving fund အမည်နဲ့ တရားဝင်လည်ပတ်ရန်ပုံငွေအဖြစ် ထုတ်ပေးခဲ့တာ ဖြစ်တယ်။ တပ်မတော်အစိုးရလက်ထက်ကနေ  သမ္မတဦးသိန်းစိန် အစိုးရ လွှဲပြောင်းချိန်မှာ ဒီ revolving fund တွေက ဆက်ပါလာခဲ့တယ်။

ဒါပေမယ့်  ခေတ်စနစ်နဲ့ညီတဲ့ စီးပွားရေးပုံစံ အသွင်ပြောင်းရေး လုပ်ငန်းစဉ် (commercialization, corporitization,PPP) ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့ နိုင်ငံတော်စီးပွားရေး လုပ်ငန်းများ အသွင်ပြောင်းမှု (SEE restructuring) အတွက် ဥပဒေလုပ်ထုံးလုပ်နည်းများ ပြင်ဆင်တဲ့ ကာလမှာ ဝန်ကြီးဌာန လုပ်ငန်းတွေ မရပ်တန့်စေဖို့ ဘဏ္ဍာ၊အခွန်ဝန်ကြီးဌာနနဲ့ စာရင်းစစ်ချုပ်ရုံးတို့က စိစစ်ဆောင်ရွက်ခဲ့တယ်။

ဒီငွေစာရင်းတွေကို စာရင်းစစ်ချုပ်ရုံးရဲ့ စစ်ဆေးခံရသလို  စာရင်းစစ်ချုပ်ရုံးက လွှတ်တော်ကို တိုက်ရိုက်တင်ပြတဲ့ ငွေစာရင်းစစ်ဆေးချက် အစီရင်ခံစာတွေမှာလည်း ပါဝင်ပါတယ်လို့ ဦးတင်နိုင်သိန်း ရှင်းလင်းထားပါတယ်။

သူ့ရှင်းလင်းတင်ပြချက် အဆုံးမှာတော့ သူက “မည်သို့ပင်ဆိုစေ Other account ထဲမှာ  ၉ ဘီလီယံ ဒေါ်လာနဲ့ညီတဲ့ မြန်မာငွေတွေ ရှိနေတာ ဦးသိန်းစိန်အစိုးရကို ဆဲနိုင်သလို၊ ကျေးဇူးလည်း တင်နိုင်တယ်” လို့ ရေးသားထားတာ တွေ့ရပါတယ်။

ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံငွေအတွင်းရှိ နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းများ၏ ကိုယ်ပိုင်ဘဏ္ဍာရန်ပုံငွေစာရင်း (Other Account) ဆိုတာနဲ့ ပတ်သက်လို့ ဖေဖော်ဝါရီ ၂၂ ရက် ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ်တွေက မေးခွန်းထုတ်ခဲ့ကြပါတယ်။

နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရည်မွန်က အရင် အစိုးရလက်ထက် ဝန်ကြီးဌာနများရဲ့ Other Account တွေကို အစိုးရက ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲလို့ မေးခွန်းထုတ်ခဲ့တာ ဖြစ်ပါတယ်။

ပြည်​​ထောင်​စုအစိုးရက ပြည်​​ထောင်​စုလွှတ်​​တော်​ကို တင်​သွင်းတဲ့ ၂၀၁၈ ခုနှစ်​၊ ပြည်​​ထောင်​စု၏ ဘဏ္ဍာ​ငွေ အရအသုံးဆိုင်​ရာ ဥပ​ဒေကြမ်းအရ မြန်​မာနိုင်​ငံမှာ Other Account (OA) ထားရှိ အသုံးပြုခွင့်ရတဲ့ နိုင်​ငံ​တော်​ပိုင်​ စီးပွားေ​ရးအဖွဲ့အစည်း (SEEs) ၂၅ ခု ရှိပါတယ်။

ဒီ SEEs ၂၅ ခုရဲ့ ၂၀၁၇ ခုနှစ်​ ​မတ်​လကုန်​အထိ ငွေစာရင်းလက်​ကျန်​ စုစု​ပေါင်းဟာ ကျပ်​သန်း​ပေါင်း ၁၁,၅၇၇,၆၀၀ ​ကျော်​ ရှိ​နေတာ ဖြစ်ပါတယ်။

ဓာတ်ပုံ - Union Solidarity and Development Party

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013