DVB Logo
Home
မြန်မာသတင်း
ရေကြီး၊ ရေရှား၊ ရေထုညစ်ညမ်းခြင်း ပြဿနာများ မြန်မာနိုင်ငံ ခံစားနေရ
DVB
·
February 23, 2018
ရေကြီး၊ ရေရှား၊ ရေထုညစ်ညမ်းခြင်း ပြဿနာများ မြန်မာနိုင်ငံ ခံစားနေရ
Donate to DVB

မြန်မာနိုင်ငံဟာ ရေကြီးခြင်း၊ ရေရှားပါးခြင်းနဲ့ ရေထုညစ်ညမ်းခြင်းစတဲ့ ရေနဲ့ဆက်နွှယ်တဲ့ ပြဿနာတွေကို ခံစားနေရတယ်လို့ အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီဥက္ကဋ္ဌ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောပါတယ်။

နေပြည်တော်မှာ ကျင်းပတဲ့  ဖေဖော်ဝါရီ ၂၂ရက် ကမ္ဘာ့ရေနေ့ ၂၀၁၈ အခမ်းအနားမှာ ပြောခဲ့တာဖြစ်ပြီး ရေအရင်းအမြစ် ဘက်စုံစီမံခန့်ခွဲမှုကို အကောင်အထည်ဖော်ရေးဟာ အရေးကြီးတယ်လို့လည်း ပြောပါတယ်။

“မြန်မာနိုင်ငံဟာ အလယ်ပိုင်း ခြောက်သွေ့ဒေသတွေကလွဲပြီး ကျန်ဒေသတွေမှာ မိုး ကောင်းမွန်စွာ ရွာသွန်းလေ့ရှိပြီး မြစ်ချောင်းတွေ၊ သဘာဝရေကန်တွေနဲ့ ရေခိုအောင်းလွှာ အမြောက်အမြား ရှိနေတယ်၊ လူဦးရေအရ ဖြစ်စေ၊ စီးပွားရေးအရ ဖြစ်စေ၊ သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ရေးအတွက် ဖြစ်စေ လုံလောက်တဲ့ ရေအရင်းအမြစ်တွေ ရှိတယ်လို့ ဆိုနိုင်တယ်၊ ရေအရင်းအမြစ်ကို အသုံးချနိုင်မယ့် အခွင့်အလမ်း (Potential) များပြားတယ်၊ အဲဒီအခွင့်အလမ်းတွေကို အသုံးချနိုင်ဖို့  လိုအပ်နေဆဲဖြစ်လို့ နိုင်ငံအများစုကဲ့သို့ ရေကြီးခြင်း၊ ရေရှားပါးခြင်းနဲ့ ရေထုညစ်ညမ်းခြင်း စတဲ့ ရေနှင့်ဆက်နွှယ်သည့် ပြဿနာတွေကို ခံစားနေရတယ်။”

ဒါကြောင့် ရေအရင်းအမြစ်တွေကို ထိရောက်စွာ စီမံခန့်ခွဲနိုင်ဖို့၊ ထိရောက်ကောင်းမွန်တဲ့ ရေကို သုံးစွဲနိုင်ဖို့၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ဖို့၊ ရေသိုလှောင်နိုင်ဖို့၊ ဝန်ကြီးဌာနအလိုက် မျှတစွာ ရေခွဲဝေသုံးစွဲနိုင်ဖို့နဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေအကြား ရေနဲ့ ဘတ်ဂျတ် ခွဲဝေသုံးစွဲနိုင်ရေးတို့အတွက် ဝန်ကြီးဌာနတွေ  ပူးပေါင်းညှိနှိုင်း အကောင်အထည်ဖော်ရေး အရေးကြီးတယ်လို့လည်း ဒုသမ္မတက ပြောပါတယ်။

၂၀၁၈ ခုနှစ် ကမ္ဘာ့ရေနေ့ရဲ့ အထူးပြုအကြောင်းအရာက “Nature for Water” (ရေ အတွက် သဘာဝပတ်ဝန်းကျင်) ဖြစ်ပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံက ၂ဝ၁၈ ခုနှစ်ကနေ ၂ဝ၂၈ ခုနှစ်အထိကို “ရေဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုများအတွက် အကောင်အထည်ဖော် ဆောင်ရွက်ဖို့ ဆယ်စုနှစ်” အဖြစ် သတ်မှတ်ထားပြီး ရေဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ဆယ်စုနှစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ကြဖို့ ရည်မှန်းထားပါတယ်။

Photo : Myanmar President Office

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013