DVB Logo
Home
မြန်မာသတင်း
၁၀ တန်းအောင်ချက် သုညသာ ရှိသည့်ကျောင်းများ အောင်ချက်ကောင်းအောင် လုပ်ဆောင်နေ
DVB
·
February 23, 2018
၁၀ တန်းအောင်ချက် သုညသာ ရှိသည့်ကျောင်းများ အောင်ချက်ကောင်းအောင် လုပ်ဆောင်နေ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီးမှာ ပြီးခဲ့တဲ့ ၂၀၁၆-၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ  အောင်ချက် သုညသာရှိတဲ့ စာစစ်ဌာန ၁၀ခုရှိခဲ့တဲ့အတွက်  အခုနှစ်မှာ အောင်ချက်ကောင်းအောင်လုပ်ဆောင်ဖို့ တိုင်းပညာရေးဌာနက ကြိုးပမ်းနေပါတယ်။

မတ်လမှာ ကျင်းပတော့မယ့် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ အောင်ချက်ရာခိုင်နှုန်း သုညသာရှိတဲ့ကျောင်းတွေ နည်းပါးအောင် တိုင်းပညာရေးဦးစီးဌာနအနေနဲ့ အားနည်းချက်တွေ ရှာကြံပြီး ဖြည့်ဆည်းဆောင်ရွက်စီမံထားတယ်လို့ တိုင်းပညာရေးမှူးရုံး ပညာဌာနက ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ဝင်း က ဒီဗွီဘီကိုပြောပါတယ်။

"မနှစ်က တတိုင်းလုံးအနေနဲ့ ဇီးရိုးပိတ်တဲ့ကျောင်း ၁၀ ကျောင်းရှိပါတယ်။ အဲဒီ ကျောင်းတွေကို မြို့နယ်၊ ခရိုင်၊ တိုင်းဆင်းပြီး သူတို့ရဲ့လိုအပ်ချက်တွေပေါ့။ ဆရာမလုံလောက်ဘူး။ နောက်ပြီး ကလေးတွေအတွက် ဘာတွေအားနည်းနေလည်းဆိုတာကို အကြိမ်ကြိမ်ဆင်းပြီးတော့ စိစစ်ပါတယ်။ အားဖြည့်ပေးပါတယ်။ ဘာသာရပ်မလုံလောက်ရင်လည်း ဘာသာရပ်ဆရာတွေကို အချိန်းအပြောင်းလုပ်ပေးပါတယ်။ နာဂဒေသဆိုလည်း ဒီလိုပါပဲ။ သွားလာရေးခက်ခဲတဲ့ အခါကျတော့ ဆရာအခက်အခဲရှိပါတယ်။ အတတ်နိုင်ဆုံးတော့ ဒေသခံတွေနဲ့ပူးပေါင်းပြီး ကြိုးစားဖြည့်ဆည်းပေးထားပါတယ်။"

စစ်ကိုင်းတိုင်းအတွင်း အထူးသဖြင့် ဝေးလံသီခေါင်ပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ဒေသဖြစ်တဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ဆရာ/ဆရာမ မလုံလောက်မှု၊ စာသင်ကျောင်း၊ စာရေးကိရိယာ၊ ကျောင်းသုံးပရိဘောဂ မလုံလောက်မှုတွေလည်း များနေတယ်လို့ နာဂဒေသ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တွေက ဆိုပါတယ်။

ဆရာဖြည့်ဆည်းတဲ့ကိစ္စတွေကို ရုံးချုပ်နဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်၊ နာဂဒေသမှာ တင်မက ဒီနှစ်မှာ ကျောင်းအုပ်တွေ တော်တော်များများ မဖြည့်ဆည်းပေးနိုင်တဲ့ ကိစ္စတွေကိုလည်း လာမယ့်ကျောင်းမဖွင့်ခင် အတတ်နိုင်ဆုံးညှိနှိုင်းပြီး ဖြည့်ဆည်းပေးနိုင်အောင်ဆောင်ရွက်နေ တယ်လို့ ဆိုပါတယ်။

မကြာခင်ကျင်းပတော့မယ့် တက္ကသိုလ်ဝင်တန်းအတွက် ဖြေဆိုခွင့်တင်ထားသူ ကျောင်းသား/သူ အရေအတွက် အနေနဲ့လည်း မနှစ်ကထက် ပိုများပြီး စုစုပေါင်း ၁ သိန်း ၉ ထောင်ကျော်ရှိတယ်လို့သိရပါတယ်။

စာစစ်ဌာနအနေနဲ့လည်း ကျောင်းသားများလာတာ၊ လမ်းပန်းဆက်သွယ်ရေး ဝေးလံတာတွေကြောင့် စာစစ်ဌာနအသစ် ၁၆ ခုတိုးချဲ့ထားသလို စာစစ်ဌာနတွေရဲ့ လုံခြုံရေး အတွက်လည်း စီမံထားတယ်ဆိုပါတယ်။

ဒါ့အပြင် တက္ကသိုလ်ဝင်တန်းမေးခွန်းလွှာတွေ မပေါက်ကြားဖို့အရေးကိုလည်း ရဲတပ်ဖွဲ့ရဲ့အကူအညီနဲ့ စာစစ်ဌာနအသီးသီးကို အခုလ ၂၇ ရက်နေ့ကနေ စတင်ကာတာဝန်ရှိသူတွေကိုခေါ်ယူပြီး ထုတ်ပေးသွားဖို့ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013