DVB Logo
Home
မြန်မာသတင်း
၆ ဘီးယာဉ် ၁၀ စီးပေါ်မှ တရားမဝင်သစ်များ သိမ်းဆည်းမိ
DVB
·
February 23, 2018
၆ ဘီးယာဉ် ၁၀ စီးပေါ်မှ တရားမဝင်သစ်များ သိမ်းဆည်းမိ
Donate to DVB

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံမြို့နယ်အတွင်းမှာ ၆ ဘီးယာဉ်တွေပေါ်ကနေ တရားမ၀င်သစ်တွေ သိမ်းဆည်းရမိခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပါတယ်။

မိုင်းတုံမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်တွေဟာ ဖေဖော်ဝါရီ ၂၀ ရက် ညနေပိုင်းက ရွှေတောင်ကျေးရွာရဲ့ တောင်ဘက် ၁ မိုင်ခန့်အကွာ ရပ်တန့်ထားတဲ့ ဒေါင်ဖန်းအမျိုးအစား ခြောက်ဘီးယာဉ် ၆ စီးမှာ တင်ဆောင်ထားတဲ့ တရားမ၀င်သစ်လုံးတွေနဲ့ သစ်ခွဲသားဆိုဒ်စုံ စုစုပေါင်း ၄၂ တန်လောက်ကို တွေ့ရှိသိမ်းဆည်းရမိခဲ့တာပါ။

အလားတူ ဖေဖော်ဝါရီ ၂၁ ရက် မနက်ကလည်း ရွှေတောင်ကျေးရွာရဲ့ မြောက်ဘက် ၄ မိုင် ခန့်အကွာမှာ ရပ်တန့်ထားတဲ့ ဒေါင်ဖန်းအမျိုးအစား ခြောက်ဘီးယာဉ် ၄ စီးပေါ်မှာ  တင်ဆောင်ထားတဲ့ တရားမဝင် သစ်လုံးတွေနဲ့ သစ်ခွဲသားဆိုဒ်စုံ စုစုပေါင်း ၃၆ တန်လောက်ကို ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

သိမ်းဆည်းရမိတဲ့ မော်တော်ယာဉ်တွေနဲ့ တရားမဝင်သစ်တွေကို မိုင်းတုံမြို့နယ် သစ်တောဦးစီးဌာနသို့ စနစ်တကျ လွှဲပြောင်းအပ်နှံသွားမယ်လို့ သိရပါတယ်။

Photo : CINCDS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013