DVB Logo
Home
မြန်မာသတင်း
ရွှေဘိုပြည်သူ့ဆေးရုံကြီး၌ လူနာနည်းပါးသဖြင့် ပုဂ္ဂလိကဆေးရုံ ၄ ရုံကို ပိတ်ခိုင်း
DVB
·
November 12, 2026
Photo: Bomin
Photo: Bomin
Donate to DVB

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ ပြည်သူ့ဆေးရုံကြီးမှာ လူနာနည်းပါးလို့ ပုဂ္ဂလိကဆေးရုံ ၄ ရုံကို စစ်အာဏာရှင်လက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအမိန့်နဲ့ ရက်အကန့်အသတ်မရှိ ပိတ်ခိုင်းထားတယ်လို့  ဆေးရုံနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ရွှေဘိုမြို့ ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူသူ နည်းပါးနေတာဟာ ပြင်ပ ပုဂ္ဂလိကဆေးရုံတွေကြောင့် ဖြစ်တယ်ဆိုပြီး ပုဂ္ဂလိကဆေးရုံ ၄ ရုံကို နိုဝင်ဘာ ၈ ရက်နေ့က စတင်ပြီး ရက်အကန့်အသတ်မရှိ ပိတ်ခိုင်းလိုက်တာ ဖြစ်ပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ရွှေဘိုမြို့ ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူသူဟာ တနှစ်ထက်တနှစ် နည်းပါးလာခဲ့တာပါ။ ပင်မဆေးရုံဆောင်ကြီး အပါအဝင် အဆောက်အအုံ ၆ ဆောင်ရှိပေမဲ့ လက်ရှိမှာ အဆောင် ၂ ဆောင်ကိုပဲ ဖွင့်လှစ်နိုင်ပါသေးတယ်။

ဆေးရုံဝန်ထမ်းနဲ့ နီးစပ်သူတယောက်က “ဆေးရုံတရုံတည်း ပိတ်တယ်ဆိုရင်တော့ တခုခုနဲ့ ငြိလို့ပါ။ ခုဟာက ဆေးရုံ ၄ ရုံစလုံး ပိတ်ခံရတာဆိုတော့ ဆေးရုံကြီးနဲ့ ပတ်သက်နေပုံရပါတယ်။ ဆေးရုံကြီးမှာ ဆေးတက်ကုတဲ့သူ အတော်ကို နည်းပါတယ်။ အဆောင်တွေ အကုန်မဖွင့်နိုင်ဘဲ ဖွင့်ထားတဲ့ ၂ ဆောင်မှာတောင် တဆောင်စာလောက်ပဲ လူနာရှိတာပါ။ ပြီးတော့ အဲဒီ ပုဂ္ဂလိကဆေးရုံ ၄ ရုံရဲ့ ဝန်ထမ်းတွေဟာ စစ်တပ်ဘက်က ရာထူးကြီးသူတွေရဲ့ သားသမီးတွေ များပါတယ်။ အပြင်မှာ ဝင်ငွေပိုရတော့ ပြည်သူ့ဆေးရုံကြီးကို ပစ်ထားလို့ ပိတ်ခိုင်းတာလည်း ဖြစ်နိုင်တယ်” လို့ ပြောပါတယ်။

ပုဂ္ဂလိကဆေးရုံတွေဖြစ်တဲ့ မေခ၊ အောင်မြေ၊ ရွှေစံပြနဲ့ ရွှေပလောင် ဆေးရုံတို့မှာတော့ သွားရောက်ပြသသူ များပြားနေတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

ဒီလို ပုဂ္ဂလိကဆေးရုံတွေ ပိတ်သိမ်းခံရတာနဲ့ ပတ်သက်လို့ စစ်တပ်ထောက်ခံသူတွေရဲ့ လူမှုကွန်ရက်ပေါ်မှာတော့ CDM ဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေး ကုသနေတာကြောင့်လို့ စွပ်စွဲ ရေးသားထားတာကို တွေ့ရပါတယ်။

ဒါပေမဲ့ လွတ်လပ်တဲ့ သတင်းမီဒီယာအချို့မှာတော့ စစ်တပ်ဘက်က ရာထူးကြီးပိုင်း မိသားစုဝင်ယောက် ဆေးကုသစဉ် သေဆုံးခဲ့တာကြောင့်လို့ သတင်းထွက်နေသလို၊ လုပ်ငန်းလိုင်စင် သက်တမ်းလွန်နေတာကြောင့် ယာယီပိတ်သိမ်းခိုင်းတာ ဖြစ်တယ်လို့လည်း ဖော်ပြထားကြပါတယ်။ အခုလို အခြေအနေနဲ့ ပတ်သက်လို့ DVB သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013