DVB Logo
Home
မြန်မာသတင်း
၂၀၃၀ ပြည့်နှစ်တွင် တနိုင်ငံလုံး မီးလင်းရေး ဆောင်ရွက်မည်ဟု မန္တလေးတိုင်း ဝန်ကြီးချုပ်ပြော
DVB
·
February 23, 2018
၂၀၃၀ ပြည့်နှစ်တွင် တနိုင်ငံလုံး မီးလင်းရေး ဆောင်ရွက်မည်ဟု မန္တလေးတိုင်း ဝန်ကြီးချုပ်ပြော
Donate to DVB

လာမယ့် ၂၀၃၀ ပြည့်နှစ်​ရောက်​ရင်​ မြန်မာတ​နိုင်​ငံလုံး လျှပ်​စစ်​မီး ရရှိ​အောင်​ ​ဆောင်​ရွက်​သွားမယ်လို့ မန္တလေးတိုင်း​ဒေသကြီး ဝန်​ကြီးချုပ်​က ပြောကြားလိုက်ပါတယ်။

မန္တလေးတိုင်း​ဒေသကြီး ဝန်​ကြီးချုပ်​ ​ဒေါက်​တာ​ဇော်​မြင့်​​မောင်​နဲ့ တိုင်း​ဒေသကြီး အစိုးရ အဖွဲ့ဝင်​တွေဟာ ဖေဖော်ဝါရီ ၂၂ ရက်က မြင်းခြံမြို့နယ်​ရှိ ​ကျေးရွာ ၆ ရွာ ကိုယ်​ထူကိုယ်​ထ လျှပ်စစ်​မီးလင်း​ရေး ဖွင့်ပွဲတက်ရောက်ခဲ့ပြီး အခုလို ပြောကြားခဲ့တာပါ။

ဝန်​ကြီးချုပ်​ ​ဒေါက်​တာ ​ဇော်​မြင့်​မောင်က " ကျ​နော်​တို့ တာဝန်​ယူတဲ့အချိန်​မှာ ​ကျေးလက်​​နေ ပြည်​သူ​တွေရဲ့ ဘဝ​တွေကို မြှင့်တင်​သွားမှာ ဖြစ်​ပါတယ်​။ မြန်​မာနိုင်​ငံမှာ ၇၀ ရာခိုင်​နှုန်းဟာ ​ကျေးလက်​​နေ ပြည်​သူ​တွေ ဖြစ်​တဲ့အတွက်​ တိုင်းပြည်​မှာ ရှိ​နေတဲ့ ပြည်​သူ​လူထုရဲ့ ဘဝ​တွေကို မြှင့်တင်​​ပေးသွားမှာပါ။ ကျ​နော်​တို့ အစိုးရသစ်​လက်​ထက်​ တာဝန်​ယူတဲ့အချိန်​မှာ အစိုးရက ရတဲ့ အခွန်​အမြတ်​​တွေကို တိုင်းပြည်​အတွက်​ ပြန်​သုံးတဲ့အခါမှာ အဓိကထားတဲ့​နေရာ ၃ ​နေရာ ရှိပါတယ်​။ အဲဒါ​တွေက ​ကျေးလက်​မီးလင်း​ရေး၊ ​ကျေးလက်​လမ်းများ ​ဖောက်​လုပ်​​ပေး​ရေး၊ ​ကျေးလက်​များ​ သောက်​သုံး​ရေ ရရှိ​ရေး၊ ပညာ​ရေး၊ ကျန်းမာ​ရေး​တွေကို ဦးစား​ပေးလုပ်​သွားမှာပါ။ အစိုးရသစ်​လက်​ထက် တာဝန်​ယူတဲ့အချိန်​ကစပြီး ​ကျေးရွာ ၅၀၀ ​ကျော်​ မီးလင်းနိုင်​ခဲ့ပြီး ၄၀၀ ​ကျော်​ မီးလင်းရန်​အတွက်​ ကြိုးပမ်း​ဆောင်​ရွက်​​နေပြီး ၂၀၃၀ မှာ တနိုင်​ငံလုံး လျှပ်​စစ်​မီးလင်း​အောင်​ လုပ်​​ဆောင်​သွားမှာ ဖြစ်​တယ်​။”

ဝန်ကြီးချုပ်နဲ့အဖွဲ့ဟာ မြင်းခြံမြို့နယ်​ရှိ သ​င်္ဘောတင်​​ကျေးရွာ၊ အနိမ့်ကျေးရွာ၊ တလုပ်​မြို့ကျေးရွာ၊ မြို့ကြီးကုန်း​ကျေးရွာ၊ ရွာသစ်​​ကျေးရွာ၊ ရွာရှည်​​ကျေးရွာတွေက ကိုယ်ထူကိုယ်ထ မီးလင်းရေး ဖွင့်ပွဲအခမ်းနားတွေကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။

သတင်း - ရီရီထွန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013