DVB Logo
Home
မြန်မာသတင်း
ဝင်ငွေ ၃ သိန်းရှိသူများ အိမ်ရာဝယ်ယူနိုင်ရန် အတိုးနှုန်းသက်သာစွာဖြင့် ငွေချေးပေးမည်
DVB
·
February 22, 2018
ဝင်ငွေ ၃ သိန်းရှိသူများ အိမ်ရာဝယ်ယူနိုင်ရန် အတိုးနှုန်းသက်သာစွာဖြင့် ငွေချေးပေးမည်
Donate to DVB

 

လစဉ်ဝင်ငွေ ၃ သိန်းရှိသူတွေကို အိမ်ရာဝယ်ယူနိုင်အောင် ၈ ကျပ်ခွဲတိုးနှုန်းနဲ့ ငွေထုတ်ချေး ပေးသွားဖို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက စီစဉ်နေပါတယ်။

ဖေဖော်ဝါရီ ၂၂ ရက်နေ့ ပြည်ထောင်စုလွှတ်တော်မှာတော့ ဆောက်လုပ်ရေးဝန်ကြီး ဌာနအနေနဲ့ ဂျပန်နိုင်ငံကနေ ယန်းငွေ ၁၅ ဘီလီယံချေးယူပြီး မြန်မာနိုင်ငံအနှံ့က နေထိုင်ဖို့ အိမ်ရာလိုအပ်ချက်ရှိသူတွေကို အိမ်ရာပိုင်ဆိုင်နိုင်ရေးအတွက် အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းနဲ့ ငွေထုတ်ချေးပေးဖို့ အစီစဉ်ကို တင်ပြခဲ့ပါတယ်။

ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ တင်ပြချက်အရ နေထိုင်ရေးလိုအပ်ချက်ရှိတဲ့ ရန်ကုန် အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံးအတွက် တန်းဖိုးနည်း၊ တန်ဖိုးသင့် အိမ်ရာတွေ တည်ဆောက်ဖို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနကခွင့်ပြုပြီးဖြစ်တယ်လို့ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက တင်ပြခဲ့ပါတယ်။

“အဆိုပါရရှိငွေဖြင့် ပြည်သူတို့ နေထိုင်ရေး လိုအပ်လျက်ရှိသော ရန်ကုန်မြို့အပါအဝင် အခြားပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးရှိ တန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ရာများကို သက်သာတဲ့ အတိုးနှုန်းထားနဲ့ ချေးယူပြီး အိမ်ရာပိုင်ဆိုင်နိုင်ရေးအတွက် ဆောင်ရွက်သွားရန် လျာထား စီစဉ်ခဲ့ပါတယ်။”

ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့မှာတော့ တန်ဖိုးနည်းအိမ်ရာနဲ့ တန်ဖိုးသင့် အိမ်ရာအနေနဲ့ အခန်းပေါင်း ၁ သောင်းကျော် ထုတ်လုပ်သွားမှာဖြစ်ပြီး အခြား တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကိုတော့ ချေးငွေအနေနဲ့ ထုတ်ချေးပေးသွားမှာဖြစ်ပါတယ်။

“နှစ်အလိုက် အိမ်ရာထုတ်လုပ်မည့် အစီအစဉ်အနေဖြင့် တန်ဖိုးနည်းအိမ်ရာနှင့် တန်ဖိုးသင့် အိမ်ရာများကို ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း စသည့် တိုင်းဒေသကြီး/ ပြည်နယ် (၄)ခု တွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် တိုက်လုံးရေ(၁၅၈လုံး)၊ အခန်းပေါင်း (၄,၅၅၀ခန်း) ၊ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်အတွက် တိုက်လုံးရေ (၂၀၇)လုံး ၊ အခန်းပေါင်း (၅,၉၀၈) ခန်း နှင့် ၂၀၁၉ - ၂၀၂၀ဘဏ္ဍာနှစ်အတွက် တိုက်လုံးရေ(၄၀)လုံး၊ အခန်းပေါင်း (၁,၄၅၆) ခန်း စုစုပေါင်းတိုက်လုံးရေ (၄၀၅)လုံး၊ အခန်းပေါင်း (၁၁,၉၁၄ခန်း) ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်”

ဂျပန်ချေးငွေကိုတော့ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနက တာဝန်ခံချေးယူမှာဖြစ်ပြီး မြန်မာ့စီးပွားရေးဘဏ်က ကြားခံအဖွဲ့အစည်းအနေနဲ့ တာဝန်ယူပြီး ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်ကနေ အိမ်ရာချေးငွေရယူသူများကို အတိုးနှုန်း ၈.၅ ရာခိုင်နှုန်းနဲ့ ထုတ်ချေးပေး သွားမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013