DVB Logo
Home
မြန်မာသတင်း
စိတ်ကြွဆေးသယ်ဆောင်လာသည့်ကား လမ်းမှား၍ ထိုင်းစစ်ဆေးရေးဂိတ်နှင့် ပက်ပင်းတိုး
DVB
·
February 22, 2018
စိတ်ကြွဆေးသယ်ဆောင်လာသည့်ကား လမ်းမှား၍ ထိုင်းစစ်ဆေးရေးဂိတ်နှင့် ပက်ပင်းတိုး
Donate to DVB

 

ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်ကနေ စိတ်ကြွဆေးပြား ၆ သိန်း တင်ဆောင်လာတဲ့ ကား တစ်စီးဟာ စစ်ဆေးရေးဂိတ်တွေ ရှောင်တိမ်းရင်း ဖြတ်လမ်းကနေမောင်းနှင်ခဲ့ပေမယ့် လမ်းမှားပြီး စစ်ဆေးရေးဂိတ်နဲ့ ပက်ပင်းပြန်တိုးမိခဲ့တယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း အီဆန်ဒေသက အသက် ၅၁ နှစ်ရွယ် နိုင်းထောင်းန်ပိုင် ဆန်ပရ ဖွန်ဆိုသူဟာ မနေ့ည ၇ နာရီက ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့ကနေ စိတ်ကြွဆေးတွေ တင်ဆောင်ပြီး ဘန်ကောက်ကို ပို့ဆောင်ဖို့ ဖြစ်ပေမယ့် လမ်းမကျွမ်းကျင်မှုကြောင့် ကျိန်းဆဲန်မြို့ နယ် မဲ့မ စစ်ဆေးရေးဂိတ်ကို ရောက်လာခဲ့တယ်လို့  အမှတ် ၅ တိုင်းဒေသ ရဲဌာနချုပ် ရဲမှူးကြီး ဖွန်းဆပ် ပဆစ်ဆဒ်ဒီက ဒီကနေ့မနက်  သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

အဆိုပါ စစ်ဆေးရေးဂိတ်ဟာ လမ်းမကြီးပေါ်က မဟုတ်ဘဲ အခြားဖြတ်လမ်းတခုပေါ်မှာ ရှောင်တခင် တားဆီးစစ်ဆေးတာဖြစ်ကြောင်း၊ မနေ့က အနက်ရောင်ဖို့ဒ် ဟိုင်းလပ်ကား တစ်စီးဟာ သူတို့ဂိတ်ရှိရာ လမ်းကြောင်းထဲဝင်လာလို့ တားဆီးစစ်ဆေးရာမှာ ယာဉ်မောင်းသူ တစ်ဦးတည်းသာပါရှိပြီး ကားဘော်ဒီနေရာအနှံ့နဲ့ ကားရှေ့စက်ခေါင်းထဲမှာပါ စိတ်ကြွဆေးပြားတွေ အများအပြား သိုဝှက်လာတာတွေ့ရတယ်လို့ ဆိုပါတယ်။

မူးယစ်ဆေးထုတ်တွေ ဟိုတစ်ထုတ်ဒီတထုတ် ထိုးသိပ်ထည့်လာတာကြည့်ခြင်းအားဖြင့် သယ်ဆောင်သူမှာ ဒီကိစ္စကျွမ်းကျင်ဟန်မတူကြောင်း၊ ကားရှေ့စက်အင်ဂျင်ထဲ ထည့်လာတဲ့ ဟာတွေလည်း ပေါက်ပြဲနေပြီး လမ်းပေါ်မှာ ပြုတ်ကျခဲ့တာတွေလည်း ရှိနိုင်ကြောင်း၊ သူတို့ ဖမ်းဆီးရမိတာတော့ အလုံးရေ ၆ သိန်းရှိတယ်လို့ ဆိုပါတယ်။

ယာဉ်မောင်းရဲ့ ထွက်ဆိုချက်အရ သူဟာ အဲဒီစိတ်ကြွဆေးတွေကို မယ်ဆိုင်ရှိ နိုင်းဟန် ဆိုသူထံမှ ယူဆောင်ခဲ့ကြောင်း၊ နိုင်းဟန်က အဲဒီဆေးတွေ ဘန်ကောက်ကို ပို့ပေးရင် ဘတ်ငွေ ၅ သောင်းမယ်ဆိုလို့ သယ်ဆောင်ခဲ့ကြောင်း၊ ဒါဟာ သူ့အတွက် ပထမဆုံးအကြိမ်ဖြစ်ပြီး ဖြတ်လမ်းကို မမောင်းဖူးတဲ့အတွက် ဂူဂဲလ်မက်ပ်ကို အသုံးပြုခဲ့ကြောင်း၊ ဒါပေမယ့် ဟိုဒီမောင်း နှင်ရင်းက စစ်ဆေးရေး ဂိတ်နဲ့ လာတိုးမိတယ်လို့ ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013