DVB Logo
Home
မြန်မာသတင်း
ဦးကိုနီ လုပ်ကြံခံရမှုတွင် ဖမ်းဆီးခံထားရသည့် အောင်ဝင်းထွန်းကို သိန်း ၅၀၀ ဖြင့် အာမခံပေး
DVB
·
February 22, 2018
ဦးကိုနီ လုပ်ကြံခံရမှုတွင် ဖမ်းဆီးခံထားရသည့် အောင်ဝင်းထွန်းကို သိန်း ၅၀၀ ဖြင့် အာမခံပေး
Donate to DVB

တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ အမှုကို ဒီနေ့ ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးမှာ ရုံးထုတ်ရာမှာ လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ ကြည်လင်းနဲ့ အမှုတွဲပါ အောင်ဝင်းထွန်းကို အာမခံပေးလိုက်ပါတယ်။

ဖမ်းဆီးထားတဲ့ အောင်ဝင်းထွန်းကို သိန်း ၅၀၀ နဲ့ တရားရုံးက အာမခံပေးလိုက်တာဖြစ်ပြီး စွဲထားတဲ့ပုဒ်မက အာမခံပေးရမယ့် ပုဒ်မဖြစ်တဲ့အတွက် အာမခံပေးလိုက်တာလို့ သူ့ရဲ့ရှေ့နေ ဦးအောင်ခိုင်က ပြောပါတယ်။

အာမခံပေးလိုက်ပေမယ့် ရုံးချိန်းတိုင်းကိုတော့ လာရမှာ ဖြစ်ပါတယ်။ ဒီနေ့ ရုံးထုတ်မှာ အင်းစိန်အောင်စိုး အပါအဝင် ပြန်ခေါ်သက်သေ ၆ ယောက်ကို စစ်ဆေးခဲ့ပါတယ်။

ဒီအမှုမှာ ကြည်လင်းကို ဦးကိုနီအား သတ်မှုအတွက် ရာဇသတ်ကြီး ပုဒ်မ ၃၀၂(၁)ခ /၃၄၊ ဦးနေဝင်းကို သတ်မှုအတွက် ပုဒ်မ ၃၀၂(၂) လက်နက်ဥပဒေပုဒ်မ ၁၉(ဃ) ၁၉(စ) နဲ့ စွဲချက်တင်ခဲ့ပါတယ်။ အောင်ဝင်းဇော်ကိုတော့  ပုဒ်မ ၃၀၂(၁) ခ/၃၄ လက်နက်ဥပဒေပုဒ်မ ၁၉(ဃ)၊ ၁၉(စ)၊ ဇေယျာဖြိုးကိုတော့  ပုဒ်မ ၃၀၂(၁)ခ/၃၄ နဲ့ စွဲချက်တင်ပြီး အောင်ဝင်းထွန်းကို  ရာဇသတ်ကြီးပုဒ်မ ၂၁၂ နဲ့ စွဲချက်တင်ထားတာလည်း ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအထောက်အကူပြုအဖွဲ့ဝင် ရှေ့နေဦးကိုနီဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဇန်န၀ါရီ ၂၉ ရက်နေ့က သေနတ်နဲ့ ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခံရပြီး သတ်တဲ့ ကြည်လင်းကို လိုက်ဖမ်းတဲ့ တက္ကစီဆရာ ဦးနေဝင်းလည်း သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့ပါတယ်။

ဒီလုပ်ကြံမှုမှာ အဓိက ပူးပေါင်းပါဝင်ခဲ့တဲ့ တရားခံပြေး အောင်ဝင်းခိုင်ကိုတော့ ရဲတပ်ဖွဲ့က ခုချိန်ထိ ဖမ်းဆီးနိုင်ခြင်းမရှိသေးဘဲ လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013