DVB Logo
Home
မြန်မာသတင်း
အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီကို ရွှေတူးဖော်ခွင့်ရပ်ဆိုင်း
DVB
·
February 22, 2018
အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီကို ရွှေတူးဖော်ခွင့်ရပ်ဆိုင်း
1 / 2
Donate to DVB

 

ရွှေကြွေးကျန် ပေးသွင်းဖို့ ပျက်ကွက်တာအပြင် စာချုပ်ပါအချက်အလက်တွေ အကြိမ်ကြိမ် ဖျောက်ဖျက်တာကြောင့် မိုးထိမိုးမိဒေသမှာ ရွှေတူးဖော်နေတဲ့ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီကို အာဏာပိုင်တွေက ရွှေတူးဖော်ထုတ်လုပ်ခွင့် ရပ်ဆိုင်းလိုက်ပါတယ်။

ရွှေသတ္တုအကြီးစားထုတ်လုပ်ခွင့်ပြုမိန့်ကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာနက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့က ကုမ္ပဏီကို အကြောင်းကြားစာပေးပို့လိုက်တာပါ။

အမှတ် ၂ သတ္တုတွင်းလုပ်ငန်းက ဦးဆောင်ညွန်ကြားရေးမှူး ဦးသံဒိုင်က “အတန်တန်သတိပေးပါတယ်။ ပြောရရင် စာတွေလည်းထွက်တယ်။ ဒီမှာလည်း ခေါ်ပြီး အစည်းအဝေးလုပ်ပြီး ခင်ဗျာတို့ဒါတွေကို ဆက်လုပ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးမှ ခင်ဗျားတို့မှာ အန္တရာယ်ရှိပြီ ဥပဒေနဲ့အညီသွားရမယ် ရပ်ပါ၊ ဆိုင်းငံ့လုပ်ထားရမယ့် အပိုင်းမှာ တကယ်ဆိုင်းငံ့ပါ ဆိုတဲ့ဟာကို မဆိုင်းငံ့တဲ့အတွက်ကြောင့် ၀န်ကြီးရုံးကနေတဆင့် တင်ပြပြီး ဥပဒေနဲ့အညီ ရှေ့နေ ချုပ်ရုံးနဲ့ ဆွေးနွေးပြီးတော့မှ ဒီဖေဖော်ဝါရီ ၁၇ နေ့က စပြီး ရပ်လိုက်တာ။” လို့ပြောပါတယ်။

ကုမ္ပဏီအနေနဲ့ ဆက်လုပ်မယ်ဆိုလို့ရှိရင် သတ္တုတွင်းဥပဒေ ၃၀ အရ တရားမ၀င်တူးဖော်မှုနဲ့ အရေးယူခံရ၊ တရားစွဲခံရမယ်  လက်ရှိအခြေအနေအရ စာချုပ်စာတမ်းပါ စည်းမျဉ်းစည်းကမ်းအရ တရားရုံးကို ဥပဒေနဲ့အညီ ဆက်ပြီးသွားမယ်လို့ပြောပါတယ်။

အခုလို ထုတ်လုပ်ခွင့်ရပ်ဆိုင်းလိုက်ရတဲ့အတွက် သက်ဆိုင်ရာအဆင့်ဆင့်ကို အသနားခံ စာတင်ထားပြီး ကာလတခုထိ စောင့်ကြည့်သွားမှာဖြစ်ပြီး ဘာဆက်လုပ်ရမလည်း စဉ်းစားသွားမ ယ်လို့ ဒီကနေ့ နေပြည်တော်ရှိ အမျိုးသား ကြီးပွားတိုးတက်ရေး ရွှေတူးဖော်ထုတ်လုပ်မှုအုပ်စုလီမီတက်ရုံးမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ကုမ္ပဏီဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်က ပြောပါတယ်။

“နောက်ဘယ်လို ဆက်လုပ်ရမလည်းဆိုတာထက် အခုလတ်တလော ရှင်းလင်းပြတဲ့ အသနားခံတဲ့ဟာတွေ လုပ်နေတဲ့ဟာဖြစ်ပြီးတော့ အချိန်တခုစောင့်ကြည့်ရမှာပေါ့။ အချိန်တခု စောင့်ကြည့်ရင် အကြာကြီးတော့ မစောင့်နိုင်ဘူးပေါ့။ ဘာဖြစ်လို့လည်းဆို ၀န်ထမ်းတွေက အများကြီးဖြစ်နေတာကိုး။ အဲတော့ စောင့်လို့ပြီးတော့မှပဲ ကုမ္ပဏီဒါရိုက်တာ အဖွဲ့တွေရော၊ လုပ်သားခေါင်းဆောင်တွေရော ဦးစီးပြီးတော့ ဘယ်လိုမျိုးဆက်ပြီးရပ်တည်ကြရင် ကောင်းမလဲ ဆိုတာ ဆွေးနွေးရမှာပေါ့။ စဉ်းစားရမှာပေါ့ ”

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီအနေနဲ့ စုစုပေါင်းရွှေစင် ၉၆၁ ဒသမ ၈၀၅၈၄ ပိသာပေးသွင်းဖို့ ကျန်နေတာဖြစ်ပါတယ်။

ရမည်းသင်းခရိုင်၊ မိုးထိမိုးမိဒေသမှာ အရင် အစိုးရလက်ထက်က တင်ဒါအောင်ပြီး လုပ်ကိုင်နေတဲ့ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ၊ ရွှေမိုးယံကုမ္ပဏီနဲ့ အာရှကမ္ဘာမြေကုမ္ပဏီတို့ဟာ ၂၀၁၆ ဒီဇင်ဘာထိ စာချုပ်အရ အစိုးရကို ရွှေစင်ပိဿချိန် ၂၀၀ နီးပါး ပေးသွင်းဖို့ ကျန်နေလို့ ထုတ်လုပ်ခွင့် ယာယီရပ်ဆိုင်းထားတယ်လို့  ၂၀၁၇ ဇူလိုင် ၂၈ ရက် အမျိုးသားလွှတ်တော်မှာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပြည်ထောင်စုဝန်ကြီးက ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013