DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
February 22, 2018
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
ရန်ကုန် ဘုရင့်နောင် ကုန်စည်ဒိုင်မှာ မတ်ပဲက ၁ တန်ကို ငွေကျပ် ၅၄၁,၀၀၀ ပေါက်ဈေးရှိပြီး မနေ့ကထက် ၁ တန်ကို ငွေကျပ် ၂,၀၀၀ ကျပ် ဈေးတက်လာပါတယ်။

ပဲစင်းငုံ
ပဲစင်းငုံနီကလည်း ၁ တန်ကို ငွေကျပ် ၄၂၇,၀၀၀ ပေါက်ဈေးရှိပြီး မနေ့ကထက် ၁ တန်ကို ၂,၀၀၀ ကျပ် ဈေးတက်လာပါတယ်။

ပဲတီစိမ်း
ပဲတီစိမ်းကတော့ ဒီနေ့မှာ ၁ ပိဿာကို ၃၅ ကျပ် ဈေးကျဆင်းသွားပြီး ၁ ပိဿာကို ၁,၃၃၀ ကျပ်ကနေ ၁,၇၁၀ ကျပ် ပေါက်ဈေးရှိနေပါတယ်။

ကုလားပဲ
ကုလားဖြူလုံးကတော့ ဒီနေ့မှာ ၁ ပိဿာကို ၅၀ ကျပ် ဈေးကျဆင်းသွားပြီး ဒီနေ့ ပေါက်ဈေးက ၁ ပိဿာကို ၁,၄၀၀ ကျပ် ရှိပါတယ်။

ပြောင်းဆံ
ပြောင်းဆံကတော့ ဒီနေ့မှာ ၁ ပိဿာကို ၆၁၀ ကျပ်ကနေ ၆၃၀ ကျပ် ပေါက်ဈေးရှိပြီး ၁ ပိဿာကို ၂၀ ကျပ် ဈေးတက်လာပါတယ်။

ပဲလွန်းဖြူ
ပဲလွန်းဖြူကတော့ ဒီနေ့မှာ ၁ ပိဿာကို ၁,၀၃၀ ကျပ်ကနေ ၁,၁၆၅ ကျပ် ပေါက်ဈေးရှိပြီး ၁ ပိဿာကို ၅၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

ဘိုကိတ်
အောင်လံကုန်စည်ဒိုင်မှာတော့ ဘိုကိတ်ပဲက ၁ တင်းကို ၅၀၀ ကျပ် ကျဆင်းသွားပြီး ဒီနေ့ ပေါက်ဈေးက ၁ တင်းကို ၂၁,၀၀၀ ကျပ်ကနေ ငွေကျပ် ၂၁,၅၀၀ ရှိပါတယ်။

ပဲကြီး
ပဲကြီးကတော့ ဒီနေ့မှာ ၁ တင်းကို ၂,၀၀၀ ကျပ် ဈေးတက်လာပြီး ဒီနေ့ပေါက်ဈေးက ၁ တင်းကို ငွေကျပ် ၄၃,၀၀၀ ကျပ်ရှိပါတယ်။

ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေထဲ ပဲကြီးကတော့ ဈေးတက်လာပါတယ်။

ပြည်ကုန်စည်ဒိုင်ကို ပဲကြီး အသစ်တွေ ဝင်ရောက်လာပြီး အရောင်းကလည်း သွက်နေတဲ့အတွက် ဈေးက တက်လာတာလည်း ဖြစ်ပါတယ်။ ပဲကြီးအဟောင်းကတော့ ၁ တင်းကို ၇၀,၀၀၀ ကျပ်နီးပါးအထိ ပေါက်ဈေးရှိနေတာကိုလည်း တွေ့ရပါတယ်။ ပဲအသစ်က ပဲအဟောင်းဈေးကို မမီသေးပေမယ့် တခြား ပဲသစ်တွေနဲ့စာရင် အမြင့်ဆုံးဈေး ရရှိနေတဲ့ ပဲလည်း ဖြစ်ပါတယ်။

နောက်ထပ်သီးနှံကတော့ ပဲစင်းငုံနီပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်က ဈေးတက်ခဲ့ပေမယ့် ဒီတပတ်မှာတော့ ပဲအဝင်များပြီး အရောင်းအဝယ်အေးတဲ့အတွက် ဈေးက ပြန်လည်ကျဆင်းသွားခဲ့ပါတယ်။ တပတ်အတွင်း ၁ တန်ကို ၅၀,၀၀၀ ကျပ်နီးပါး ဈေးက ကျဆင်းသွားခဲ့ပါတယ်။

အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013