DVB Logo
Home
မြန်မာသတင်း
မြစ်ဆုံအပါအ၀င်ဆည် ၇ ခု ထိခိုက်မှုမြင့်မားသည့်ဇုန်ထဲပါဝင်နေ
DVB
·
February 22, 2018
မြစ်ဆုံအပါအ၀င်ဆည် ၇ ခု ထိခိုက်မှုမြင့်မားသည့်ဇုန်ထဲပါဝင်နေ
Donate to DVB

 

မြန်မာနိုင်ငံ ဧရာဝတီမြစ်ဖျားက မြစ်ဆုံဆည်နဲ့ မေခ၊ မေလိခမြစ် တကြောမှာ တည်ဆောက်မယ့် ဆည် (၇)ခုဟာ ထိခိုက်မှုမြင့်မားတဲ့ ဇုန်ထဲမှာပါဝင်နေတဲ့ အတွက် ဆောက်လုပ်ဖို့ မသင့်ဘူးလို့ ကမ္ဘာ့ဘဏ် အုပ်စုထဲမှာပါတဲ့ IFC က သတင်းထုတ်ပြန်ပါတယ်။

အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) ဟာ ရေအားလျှပ်စစ် ထုတ်လုပ်ရေးဆိုင်ရာ မဟာဗျူဟာမြောက် ပတ်ဝန်းကျင်ရေးရာ ဆန်းစစ်လေ့လာခြင်း နှစ်နှစ်တာ ဆောင်ရွက်ခဲ့ပြီး တွေ့ရှိချက်တွေကို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ဒီအစီရင်ခံစာအရ ရေအားလျှပ်စစ် ထုတ်လုပ်မှုကြောင့် လူမှုပတ်ဝန်းကျင် ထိခိုက်နိုင်တဲ့ အခြေအနေ အမြင့်ဆုံး၊ အလယ်အလတ်နဲ့ အနိမ့်ဆုံးအဆင့် ဆိုပြီး ဇုန်သုံးဇုန် ခွဲထားပြီး မြစ်ဆုံဆည်က ထိခိုက်မှုအမြင့်ဆုံးဇုန်မှာ ပါဝင်နေတာပါ။

မြစ်ဆုံဆည်ဧရိယာဒေသဟာ ဧရာဝတီမြစ်ကြီးရဲ့ ၄၂ ရာခိုင်နူန်းရှိတဲ့ ရေပေးဝေရာ ဒေသကြီးဖြစ်ပြီး ဒီမြစ်ဝှမ်းဒေသထိခိုက်ရင် မြစ်ဝကျွန်းပေါ်နဲ့ ကမ်းရိုးတန်းဒေသတွေကိုပါ ထိခိုက်မှာဖြစ်တယ်လို့ IFC က ပြောပါတယ်။

လက်ရှိ မြန်မာပြည်မှာ ထုတ်လုပ်နေတဲ့ တပ်ဆင်လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုဟာ မီဂါဝပ် ၄၀၀၀ ဝန်းကျင်ရှိပြီး ထိခိုက်နိုင်ခြေ  နည်းပါးတဲ့ မြစ်ဝှမ်းဒေသတွေမှာ EIA စမ်းသပ်ပြီး နည်းပညာ အဆင့်တွေ တိုးမြှင့်ထုတ်လုပ်ရင် လျှပ်စစ်ဓာတ်အား မီဂါဝပ် ၁၂၀၀၀ ထုတ်လုပ်နိုင်မယ်လို့ IFC က ထောက်ပြပါတယ်။  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013