DVB Logo
Home
မြန်မာသတင်း
FDA ၀န်ထမ်းအမျိုးသမီးအားသတ်ခဲ့သည့် တရားခံကို ပုန်းကွယ်၍ ရုံးထုတ်(ရုပ်သံ)
DVB
·
February 22, 2018
FDA ၀န်ထမ်းအမျိုးသမီးအားသတ်ခဲ့သည့် တရားခံကို ပုန်းကွယ်၍ ရုံးထုတ်(ရုပ်သံ)
Donate to DVB

 

FDA ၀န်ထမ်းအမျိုးသမီးကို အဓမ္မပြုကျင့်သတ်ခဲ့သည့်တရားခံကို ဖေဖော်ဝါရီ ၂၂ ရက်နေ့က ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးမှာ ပုန်းကွယ်ပြီး ရုံးထုတ်ခဲ့ပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး  တရားခံ အငှားယာဉ်မောင်း မျိုးဇော်ဦးကို သေဒဏ်ေပးဖို့ တက်ကြွလှုပ်ရှားသူ အမျိုးသမီးတွေက ရုံးထုတ်မှာ တောင်းဆိုခဲ့ကြသလို စိတ်ဝင်စားတဲ့ပြည်သူတွေကလည်း လာရောက်စောင့်ကြည့်ခဲ့ ကြပါတယ်။

တရားခွင်မှာ လုံခြုံရေးအင်အားအပြည့်ချထားပြီး တရားခံကိုတော့လူမမြင်အောင် ရမန်ယူရုံးထုတ်ခဲ့တာ အခုတခါ နှစ်ကြိမ်မြောက်ရှိပြီဖြစ်ပါတယ်။ ။

တက်ကြွလှုပ်ရှားတဲ့ အမျိုးသမီးတွေကတော့ တရားခံကို သေဒဏ်ပေးဖို့ ဆန္ဒပြ တောင်းဆိုတာတွေ လူထုလက်မှတ်ကောက်ခံတဲ့ ကမ်ပိန်းတွေ ဆက်တိုက် ပြုလုပ်နေပါတယ်။

အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက ဒုကြီးကြပ်ရေးမှူး အသက် ၂၅ နှစ်အရွယ် မရွှေရည်ဝင်းဟာ ဇန်နဝါရီ ၂၀ ရက်ညက ဒဂုံမြို့နယ်မှာရှိတဲ့ သူ့နေအိမ်က ထွက်သွားပြီး ပြန်မရောက်လာလို့ လူပျောက်တိုင်ထားခဲ့ပါတယ်။

နောက်နေ့ မနက်ပိုင်းမှာတော့ ဒဂုံမြို့သစ် မြောက်ပိုင်း၊ ငမိုးရိပ်ချောင်းကူး တံတားဘေးမှာ ဒဏ်ရာတချို့နဲ့ သေဆုံးနေတာကို တွေ့ခဲ့ရတာပါ။

FDA ဝန်ထမ်းအမျိုးသမီး မရွှေရည်ဝင်း အသတ်ခံရတာနဲ့ပတ်သက်ပြီး တရားခံ မျိုးဇော်ဦးကို မြောက်ဒဂုံမြို့မရဲစခန်း က(ပ) ၈၃/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ- ၃ဝ၂ (လူသတ်မှု) နဲ့ အမှုဖွင့်ကာ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ခရိုင် ၄ ခရိုင် ပူးပေါင်းစုံစမ်း ဖမ်းဆီးခဲ့ တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013