DVB Logo
Home
မြန်မာသတင်း
အင်းဒင်ရွာဖြစ်ရပ်အကြောင်း သတင်းကို သက်သေအဖြစ် တင်သွင်းမှု တရားရုံး လက်မခံ
DVB
·
February 22, 2018
အင်းဒင်ရွာဖြစ်ရပ်အကြောင်း သတင်းကို သက်သေအဖြစ် တင်သွင်းမှု တရားရုံး လက်မခံ
Donate to DVB

ဖမ်းဆီးခံ ရိုက်တာသတင်းထောက်တွေ ရေးခဲ့တဲ့ ရခိုင်ပြည်နယ်က အင်းဒင်ရွာ ဖြစ်ရပ်အကြောင်း ရေးသားထားတဲ့ သတင်းကို သက်သေအဖြစ် တင်ခဲ့ပေမယ့် တရားသူကြီးက လက်မခံဘဲ ပယ်ချလိုက်ပါတယ်။

မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များအက်ဥပဒေနဲ့ တရားစွဲဆိုထားတဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကျော်စိုးဦးတို့ အမှုကို ဖေဖော်ဝါရီ ၂၁ ရက်က ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးမှာ ၆ ကြိမ်မြောက် ရုံးထုတ်ခဲ့ပါတယ်။

အဲဒီရုံးထုတ် ကြားနာစစ်ဆေးမှုမှာ ဖမ်းဆီးခံ သတင်းထောက်တွေ ကိုယ်တိုင်ရေးသားခဲ့တဲ့ ရခိုင်ပြည်နယ်၊ အင်းဒင်ရွာ ဖြစ်ရပ်နဲ့ပတ်သက်လို့ သတင်းရေးသားမှုကို ရိုက်တာ သတင်းထောက်တွေရဲ့ ရှေ့နေက သက်သေအဖြစ် တင်ခဲ့ပေမယ့် တရားသူကြီးက လက်မခံခဲ့ဘူးလို့ တရားလွှတ်တော် ရှေ့နေ ဦးသန်းဇော်အောင်က ပြောပါတယ်။

အင်းဒင်ရွာဖြစ်စဉ်နဲ့ပတ်သက်လို့ ဖမ်းဆီးခံထားရသူတွေ ရေးသားခဲ့တဲ့ သတင်းကို  ရိုက်တာသတင်းဌာနက တရားဝင် သတင်းထုတ်ခဲ့တာ မှန်ပေမယ့် တရားခွင်မှာ ထင်ရှားဖို့ လိုအပ်တာကြောင့် သက်သေခံဥပဒေနဲ့အညီ တင်ခဲ့တာ ဖြစ်တယ်လို့လည်း ရိုက်တာ သတင်းထောက်တွေရဲ့ ရှေ့နေက ပြောပါတယ်။

မနေ့က ရုံးချိန်းမှာ ရိုက်တာသတင်းထောက်တွေကို ဖမ်းဆီးရာမှာ ပါဝင်ခဲ့တဲ့ ပုလဲရဲကင်းမှူး တပ်ကြပ်ကျော်လွင်နဲ့ ရာအိမ်မှူး ဦးဝင်းလွင်ဦးတို့ကို တရားလိုပြသက်သေအဖြစ် စစ်ဆေးခဲ့ပါတယ်။

အင်းဒင်ရွာမှာ ၂၀၁၇ စက်တင်ဘာ ၂ ရက်နေ့က ရိုဟင်ဂျာ ၁၀ ယောက်ကို အရပ်သားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တချို့က သတ်ဖြတ်ခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖေဖော်ဝါရီ ၈ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်တာပါ။

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင်ရွာမှာ မွတ်ဆလင် ၁၀ ယောက်ကို အရပ်သားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တချို့က သတ်ဖြတ်မြှုပ်နှံခဲ့တယ်ဆိုပြီး ဖမ်းဆီးခံ သတင်းထောက် ၂ ဦးနဲ့အတူ ပူးပေါင်းရေးထားတဲ့ သတင်းတပုဒ်ကိုကို ရိုက်တာသတင်းဌာနက ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013