DVB Logo
Home
မြန်မာသတင်း
ယာဉ်တော်တဆမှုကြောင့် ဆေးရုံတက်ရသူ လူနာများပြားနေဟု ကျန်းမာရေးဝန်ကြီး ပြော
DVB
·
February 22, 2018
ယာဉ်တော်တဆမှုကြောင့် ဆေးရုံတက်ရသူ လူနာများပြားနေဟု ကျန်းမာရေးဝန်ကြီး ပြော
Donate to DVB

 

မြန်မာနိုင်ငံတစ်ဝန်းရှိ ဆေးရုံ၊ ဆေးခန်းများမှာ ယာဉ်မတော်တဆ ဖြစ်ပွားမှုကြောင့် ထိခိုက် ဒဏ်ရာရရှိပြီး ဆေးရုံတက်ရောက်ရသူ လူနာများပြားနေတယ်လို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၇ ရက်က ရန်ကုန်တိုင်း၊ သန်လျင် အထွေထွေရောဂါကုဆေးရုံကို သွားရောက် ကြည့်ရှုစစ်ဆေးရင်း ၀န်ကြီးက ပြောခဲ့တာ ဖြစ်ပါတယ်။

“သံလျင်ပြည်သူ့ဆေးရုံမှာ တက်ရောက်ကုသတဲ့ လူနာစာရင်းမှာ ယာဉ်မတော်တဆ ဖြစ်ပွားမှုကြောင့် ထိခိုက်ဒဏ်ရာရရှိပြီး  ဆေးရုံတက်ရောက်ရသူ လူနာများပြားနေတာကို တွေ့ရှိရတယ်။ မြန်မာနိုင်ငံတစ်ဝန်းရှိ ဆေးရုံ၊ ဆေးခန်းများမှာလည်း နှစ်စဉ်များပြားလာတာကို တွေ့ရှိ နေရပြီး ဒီကိစ္စအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသာမက ဒေသဆိုင်ရာ အာဏာပိုင်များနဲ့ သက်ဆိုင်သူအားလုံးက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာစေဖို့  ပညာပေးခြင်း၊ ဥပဒေအရအရေးယူခြင်းများကို အလေးထားဆောင်ရွက်ဖို့ လိုအပ်နေပြီဖြစ်တယ်။”

မြန်မာနိုင်ငံ လမ်းမတွေပေါ်မှာ ယာဉ်မတော်တဆမှုနဲ့ နေ့စဉ် လူ ၁၁ ဦး သေဆုံးနေပြီး အရှေ့တောင်အာရှမှာ ယာဉ်မတော်တဆမှုအဖြစ်ဆုံးနိုင်ငံဖြစ်နေပြီလို့ အီတလီအရပ်ဘက် အဖွဲ့တခုက ၂၀၁၆ ခုနှစ်မှာ ထုတ်ပြန်ခဲ့ဖူးပါတယ်။

အလားတူ မြန်မာနိုင်ငံရဲ့ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးဆောင်ရွက်တဲ့ လုပ်ငန်းစဉ်မှာ အဓိကကူညီပံ့ပိုးနေတဲ့ ADB ရဲ့ အစီရင်ခံစာအရ နောင် ၅ နှစ်အတွင်း ယာဉ်မတော်တဆမှုကြောင့် နှစ်စဉ် သေဆုံးမှု ၂ ဆခန့် မြင့်တက်လာဖို့ အလားအလာရှိပြီး ၂၀၂၅ ခုနှစ်မှာ သေဆုံးသူ ၁၅၀၀၀ ဦးထိ မြင့်တက်လာနိုင်တယ်လို့လည်း ဆိုထားပါတယ်။

ဒါ့အပြင် National Road Safety Action Plan(2014-2020) အရ လာမယ့် ၂၀၂၀ ပြည့်နှစ်မှာ ယာဉ်မတော်တဆမှုကြောင့် လူသေဆုံးမှုကို ထက်ဝက်ခန့် လျော့ချနိုင်ဖို့ မျှော်မှန်း ဆောင်ရွက်နေပေမယ့် လက်ရှိကိန်းဂဏန်းတွေအရ နှစ်စဉ် မြင့်တက်လာနေတာကို တွေ့ရတယ် လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013