DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးထောင်ချောက်ဆင်ရန် နယ်စပ် Zero Line အတွင်း နေထိုင်ဟု အစိုးရထုတ်ပြန်
DVB
·
February 22, 2018
နိုင်ငံရေးထောင်ချောက်ဆင်ရန် နယ်စပ် Zero Line အတွင်း နေထိုင်ဟု အစိုးရထုတ်ပြန်
Donate to DVB

 

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ် Zero Line Area အတွင်း တရားမ၀င် သွားရောက် နေထိုင်ကြသူတွေဟာ နိုင်ငံရေးထောင်ချောက်ဆင်ဖို့ ရည်ရွယ်ချက်နဲ့ ၀င်ရောက်နေထိုင် နေကြတယ် လို့ အစိုးရသတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ပါတယ်။

တဖက်နိုင်ငံကို ထွက်ပြေးသွားသူတွေကို ပြန်လည်လက်ခံရေးကိစ္စဆွေးနွေးဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ခရိုင်အဆင့် နယ်စပ်အာဏာပိုင်အဖွဲ့ ဖေဖော်ဝါရီ ၂၀ ရက်က  တောင်ပြိုလက်ဝဲကို လာရောက်စဉ်မှာ မြန်မာတာဝန်ရှိသူတွေပြောကြားခဲ့တာပါ။  

“Zero Line အတွင်း ဝင်ရောက်နေထိုင်သူတွေဟာ အဆိုပါ နေရာမှနေ အခြားနေရာ တွေကို သွားရောက်ခြင်းမပြုတဲ့အပြင် မမှန်မကန်သတင်းတွေလည်း ထုတ်လွှင့်နေတယ်။ မိမိနိုင်ငံရဲ့ နယ်နိမိတ်ပိုင်နက်အား လုံခြုံရေးတပ်ဖွဲ့တွေက ထိန်းသိမ်းကာကွယ် ဆောင်ရွက်စဉ် Zero Line အတွင်း ဝင်ရောက်နေထိုင်သူတွေအား ဖယ်ရှားခြင်း၊ ထိန်းသိမ်းတာတွေ ဆောင်ရွက် လာစေဖို့ ဖန်တီးထားတာဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေက တားဆီးဖယ်ရှားမှုတွေ ပြုလုပ်ခဲ့ပါက နိုင်ငံတကာ အသိုင်းအဝိုင်းမှတစ်ဆင့် ဖိအားပေးမှုတွေ ပြုလုပ်လာစေဖို့ ရည်ရွည်ချက်ရှိရှိ ဆောင်ရွက် နေတာဖြစ်တယ်”လို့ဆိုပါတယ်။

တချိန်တည်းမှာပဲ သူတို့ကို နိုင်ငံတကာက ထောက်ပံ့ကူညီမှုတွေအပြည့်အဝပေးနေပြီး Zero Line အတွင်း ရေရှည်နေနိုင်ဖို့ ကူညီပေးနေတာတွေ့ရတယ်။ ဒီလို နိုင်ငံရေး ထောင်ချောက်ဆင်ဖို့ ရည်ရွယ်ချက်နဲ့ Zero Line အတွင်း ဝင်ရောက် နေထိုင်သူတွေကိစ္စ ဖြေရှင်းဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက တာဝန်ရှိသူတွေနဲ့ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ မြန်မာဘက်ကပြောပါတယ်။

နှစ်နိုင်ငံနယ်စပ်ရှိ Zero Line နယ်မြေဧရိယာကို No Man Land အဖြစ်သတ်မှတ်ထားပြီး ဘယ်သူမှ နေထိုင်ခြင်းမပြုကြဖို့ တားမြစ်နယ်မြေအဖြစ် သတ်မှတ်ထားတဲ့နေရာ ဖြစ်ပါတယ်။

INGO အဖွဲ့အစည်းတွေအနေနဲ့ တစ်ဖက်နိုင်ငံကနေ ချောင်းဖြတ်ကူးပြီး Zero Line မှာ ရောက်ရှိနေသူတွေကို ထောက်ပံ့ပေးနေတာကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က  တားမြစ်ပေးစေလိုတယ်လို့လည်း မြန်မာဘက်က တောင်းဆိုပါတယ်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် Tambru ဒေသကိုထွက်ပြေးလာကြတဲ့ ဘင်္ဂါလီ ၆၅၀၀ ကျော်ရှိတယ်လို့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ထုတ် Dhaka Tribune သတင်းစာမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013