DVB Logo
Home
မြန်မာသတင်း
ဗိုလ်ချုပ်မှူးကြီးကို နိုင်ငံတကာခုံရုံးတင်ရန် ဗြိတိန်အမတ် ၁၀၀ ကျော် လက်မှတ်ထိုးတောင်းဆို
DVB
·
February 22, 2018
ဗိုလ်ချုပ်မှူးကြီးကို နိုင်ငံတကာခုံရုံးတင်ရန် ဗြိတိန်အမတ် ၁၀၀ ကျော် လက်မှတ်ထိုးတောင်းဆို
Donate to DVB

 

    မြန်မာတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို နိုင်ငံတကာ ရာဇ၀တ်ပြစ်မှုဆိုင်ရာခုံရုံး(အိုင်စီစီ)ကိုတင်ပြီး အရေးယူနိုင်စေဖို့အတွက် ဗြိတိန်ပါလီမန်အမတ် တရာကျော်က အစိုးရကို လက်မှတ်ရေးထိုးတောင်းဆိုလိုက်ပါတယ်။

    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရခိုင်ပြည်နယ်တွင်းမှာ တကျော့ပြန်ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တယ်လို့စွပ်စွဲပြီး ခုံရုံးတင်စစ်ဆေးနိုင်ဖို့ ဗြိတိန်အစိုးရက ဦးဆောင်စေဖို့အတွက် ဗြိတိန်ပါလီမန်အမတ် ၁၀၂ ဦးက နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်ထံ ဖေဖော်ဝါရီ ၂၁ရက်နေ့စွဲနဲ့ လက်မှတ်ရေးထိုးတောင်းဆိုခဲ့ကြတာပါ။

ဗြိတိန်အမတ်တွေရဲ့ ခုလက်ရှိထုတ်ပြန်တောင်းဆိုလိုက်တဲ့ စာထဲမှာတော့ ရခိုင် ပြည်နယ်တွင်း အကျပ်အတည်းတွေနဲ့ ပတ်သက်ပြီး ဗြိတိန်ရဲ့ သံတမန်ရေးရာဦးဆောင်ကြိုးပမ်းမှု တွေကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ကြေညာချက် ထုတ်ပြန်နိုင်ခဲ့တဲ့အထိ ရလဒ်တွေ ထွက်ပေါ်ခဲ့ပြီး ဗြိတိန်စတာလင်ပေါင် ၅၉ သန်း အကူအညီအထောက်အပံ့တွေ ပေးအပ်ခဲ့တဲ့အပေါ် ကြိုဆိုကြောင်း ဖော်ပြထားပါတယ်။

    ဒါပေမယ့် ကုလသမဂ္ဂလုံခြုံရေးကောင်စီက တောင်းဆိုထားတာတွေကို လစ်လျူရှု ထားဆဲ ဖြစ်တဲ့အတွက် နောက်ထပ်တဆင့်တိုးပြီး နိုင်ငံတကာ ရာဇ၀တ်ပြစ်မှုဆိုင်ရာခုံရုံး(အိုင်စီစီ)ဆီ လွှဲပြောင်းလိုက်ဖို့ လက်မှတ်ရေးထိုး တိုက်တွန်းလိုက်ကြတာ ဖြစ်ပါ တယ်။

    “အခုအချိန်က ဗြိတိန်အစိုးရအနေနဲ့ မြန်မာနိုင်ငံတွင်း အခြေအနေတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာရာဇ၀တ်ပြစ်မှုဆိုင်ရာခုံရုံး(အိုင်စီစီ)ဆီ လွှဲပြောင်းနိုင်ဖို့  ပြတ်ပြတ်သားသား လုပ်ရမယ့် အချိန်ပါပဲ”လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013