DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
February 21, 2018
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
ရန်ကုန် ကုန်စည်ဒိုင်မှာ မတ်ပဲ ပိဿာ ၆၀ ဝင် တအိတ်ကို ငွေကျပ် ၅၂,၀၀၀ ပေါက်ဈေးရှိနေပြီး မနေ့ကထက် ၁ အိတ်ကို ၁၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ၄၈,၀၀၀ ကျပ်ကနေ ငွေကျပ် ၅၁,၀၀၀ ပေါက်ဈေးရှိနေပြီး မနေ့ကထက် ၁၅၀၀ ကျပ် ဈေးကျသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေးမှာ ၁ အိတ်ကို ၁,၀၀၀ ကျပ် ဈေးကွာခြားပါတယ်။

ပဲစင်းငုံနီ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက ၁ အိတ်ကို ငွေကျပ် ၄၁,၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၂,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့  အသစ် ၁ အိတ်ကို ၃၃,၀၀၀ ကျပ်ကနေ ငွေကျပ် ၃၈,၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၂,၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် ၁ အိတ်ကို ၅,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

စွန်တာပြာ
ရန်ကုန် ကုန်စည်ဒိုင်မှာတော့ စွန်တာပြာ ၁ အိတ်ကို ၉၇,၇၆၀ ကျပ်ကနေ ငွေကျပ် ၁၀၃,၁၀၀ ပေါက်ဈေး ရှိနေပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ စွန်တာပြာက ၁ အိတ်ကို ၉၅,၀၀၀ ကျပ်ကနေ ၉၇,၀၀၀ ကျပ် ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၁,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင်မှာ ၇၀၀ ကျပ်ကျော် ဈေးကွာခြားပါတယ်။

ကုလားပဲ 929
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ကုလားပဲ ၉၂၉  က ၅၇.၂၅ ပိဿာဝင် ၁ အိတ်ကို ၈၃,၀၀၀ ကျပ်ကနေ ငွေကျပ် ၈၅,၀၀၀ ပေါက်ဈေးရှိပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၈၃,၁၀၀ ကျပ် ပေါက်ဈေးရှိပြီး မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် ၁ အိတ်ကို ၁,၉၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

စီပီပြောင်း
စီပီပြောင်း အများဆုံးထွက်တဲ့ လားရှိုးကုန်စည်ဒိုင်မှာ စီပီပြောင်းက ၅၄ ပိဿာဝင် ၁ အိတ်ကို ၃၀,၀၀၀ ကျပ်ကနေ ၃၀,၈၀၀ ကျပ် ပေါက်ဈေးရှိပြီး ဈေးပြောင်းလဲတာ မရှိပါဘူး။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ၂၇,၀၀၀ ကျပ်ကနေ ငွေကျပ် ၃၄,၈၀၀ ကျပ် ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၁,၈၀၀ ကျပ် ဈေးတက်လာပါတယ်။ လားရှိုးနဲ့ မန္တလေး ကုန်စည်ဒိုင် ၁ အိတ်ကို ၃,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ကြက်သွန်နီ
ကြက်သွန်အများဆုံး ထွက်ရှိတဲ့ ပခုက္ကူ ကုန်စည်ဒိုင်မှာ ကြက်သွန်နီက ၁ ပိဿာကို ၅၀၀ ကျပ်ကနေ ၁,၄၀၀ ကျပ် ပေါက်ဈေးရှိပြီး ၁၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မြင်းခြံ ကုန်စည်ဒိုင်မှာတော့ ၁ ပိဿာကို ၂၀၀ ကျပ်ကနေ ၁,၂၀၀ ပေါက်ဈေးရှိပြီး ၁ ပိဿာကို ၁၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူနဲ့ မြင်းခြံကုန်စည်ဒိုင် ၁ ပိဿာကို ၂၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013