DVB Logo
Home
မြန်မာသတင်း
မိတ္ထီလာမြို့ရှောင်လမ်းကြောင့် ဆုံးရှုံးသွားသည့် လယ်ယာမြေလျော်ကြေးငွေထပ်မံပေး
DVB
·
February 21, 2018
မိတ္ထီလာမြို့ရှောင်လမ်းကြောင့် ဆုံးရှုံးသွားသည့် လယ်ယာမြေလျော်ကြေးငွေထပ်မံပေး
Donate to DVB

 

မိတ္ထီလာမြို့ရှောင်လမ်း ဖောက်လုပ်ရာမှာ ဆုံးရှုံးသွားခဲ့တဲ့ လယ်ယာမြေလျော်ကြေးငွေပေးဖို့ ကျန်နေသေးတဲ့ တောင်သူ ၃ ဦးကို ဖေဖော်ဝါရီ ၂၀ ရက်က သာစည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံး‎ခန်းမမှာ  ပေးအပ်ခဲ့တယ်လို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပြောပါတယ်။

မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ဇင်က "တဧကကို သိန်း၅၀ နဲ့ တွက်ပေးတာပါ။ အရင်တခါက ဆုံးရှုံးဧက ၁၉၉ ဒသမ ၉၅ အတွက် ကျပ်၉၉၉၇ သိန်းပေးပြီးပြီ ကျန်နေသေးတဲ့ တောင်သူ ၃ ဦး ဆုံးရှုံးဧက ၁ ဒသမ ၉၉ အတွက် ကျပ်၉၆ သိန်း ဒီနေ့ မနက်ကပေးတာပါ"လို့ ပြောပါတယ်။

နစ်နာကြေးတွေအဖြစ် သာစည်မြို့နယ် ကုန်းတောင်ရွာက ဦးတင့်လွင်ဦးက ကျပ် ၂သိန်း၊ ‎ဦးသန်းဇော်ထွန်းကကျပ်၉ သိန်းရရှိပြီး  တမာကုန်းရွာနေတဲ့ ဦးစိုးဝင်းက ၈၅ သိန်းရရှိသွားပါတယ်။

ရန်ကုန်-မန္တလေးကားလမ်း မိတ္ထီလာမြို့‎ရှောင်လမ်းဖောက်လုပ်ရာမှာ သာစည်မြို့နယ်ထဲက သပြေဝရွာ၊  တမာကုန်းရွာ၊ ကုန်းတောင်းရွာ၊ ညောင်အိုင်ရွ၊  အဖျောက်ရွာစတဲ့ ရွာ၅ရွာက ‎တောင်သူတွေရဲ့ လယ်ယာမြေတွေ ဆုံးရှုံးသွားခဲ့ရတာပါ။

ဒီကိစ္စ လွှတ်တော်ကိုတင်ပြပြီးနောက် တောင်သူ ၁၉၈ ဦးရဲ့ ဆုံးရှုံးဧက ၁၅၁ ဒသမ ၀၇ အတွက် ကျပ်၇၅၅၃သိန်းနဲ့ တောင်သူဦးရေ ၅၀ ဆုံးရှုံးဧက ၄၈ ဒသမ ၈၈ အတွက်ကျပ် ၂၄၄၄ သိန်း စုစုပေါင်း ကျပ် ၉၉၉၇ သိန်းကို ၂၀၁၇  နိုဝင်ဘာလ ၁၄ ရက်က ပေးခဲ့ပါတယ်။

‎သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013