DVB Logo
Home
မြန်မာသတင်း
အချုပ်အခြာအာဏာတစိတ်တဒေသ တိုင်းရင်းသားကိုပေးရင်အားလုံးပျော်မယ့်နေ့ဟု ဒေါက်တာအေးမောင်ပြော (ရုပ်သံ)
DVB
·
February 21, 2018
အချုပ်အခြာအာဏာတစိတ်တဒေသ တိုင်းရင်းသားကိုပေးရင်အားလုံးပျော်မယ့်နေ့ဟု ဒေါက်တာအေးမောင်ပြော (ရုပ်သံ)
Donate to DVB

နိုင်ငံရဲ့ အချုပ်အခြာအာဏာတစိတ်တဒေသကို တိုင်းရင်းသားတွေကိုပေးတဲ့ ပြည်ထောင်စုဖြစ်ရင် အားလုံးပျော်မယ့်နေ့ပဲလို့  ဒေါက်တာအေးမောင်ပြောက ပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက်ရက် မနက်က ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ကို ရခိုင်ပြည်နယ် စစ်တွေခရိုင်နဲ့ မြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးစဉ် မီဒီယာတွေပြောဆိုခဲ့တာပါ။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ အောင်မြင်စေဖို့နဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ဖို့ လိုလားတယ်လို့လည်း ဒေါက်တာအေးမောင်ကပြောပါတယ်။

“ပြည်ထောင်စုမှာ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို အားလုံးညှိနှိုင်းပြီးမှ ကျနော်တို့ စစ်မှန်တဲ့ ပြည်ထောင်စုကို တည်ဆောက်စေချင်တယ်။ အဲ့ဒါကျနော်တို့ဆန္ဒပါ။ အဲ့ဒါကြောင့်မို့ ကျနော်တို့ ပါတီနိုင်ရေးလုပ်တယ်။ အမျိုးသား ရင်ကြားစေ့ရေးကိုလုပ်တယ်။ ပြည်တွင်းစစ်ရပ်စဲ ရေးကိုလုပ်တယ်။ အားလုံးပါဝင်တဲ့ ညှိနှိုင်းမှုတခုရှိရင်ကျနော်တို့သွားချင်တဲ့ပန်းတိုင်းပေါ့ဗျ။ အချုပ်အခြာအာဏာ တစိတ်တဒေသကို တိုင်ရင်းသားတွေကိုပေးတဲ့ ပြည်ထောင်စုဖြစ်ရင် အားလုံးပျော်မယ့်နေ့ပဲ၊ အဲ့တော့ တန်းတူညီမျှမှု၊ ခင်ဗျားတို့ ကျနော်တို့သိတဲ့ ခွင့်တူညီမျှဝါဒဖြူစင်တဲ့မြေ တိုင်းပြည်ကြီးဖြစ်လာမှာပ့ါ။ အဲ့ဒါကျနော်တို့ ရည်မှန်းချက်ပဲ”

ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့ကို ဒီကနေ့ မနက်ပိုင်း ၁၀ နာရီက စစ်တွေခရိုင်နဲ့ မြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တာဖြစ်ပြီး သူတို့ နှစ်ဦးကို ၂နာရီကြာလောက် စစ်ဆေးခဲ့ပါတယ်။

ဒီကနေ့ စစ်ဆေးချက်တွေမှာ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ပြောခဲ့တဲ့ ဟောပြောမှုနဲ့ပတ်သတ်လို့ တရားလိုစွဲဆိုထားတဲ့ အသံဖိုင်နဲ့ ကိုက်ညီမှုရှိ မရှိဆိုတာကို စစ်ဆေးပေးဖို့ တရားရုံးကိုတင်ပြခဲ့ပါတယ်။

တရားလိုထွက်ဆိုထားတဲ့အသံဖိုင်နဲ့ ကိုက်ညီမှုရှိ မရှိဆိုတာကို စစ်ဆေးပေးဖို့တင်ပြီး အမှုကို တပိုင်းတစနဲ့စစ်ဆေးခဲ့ပြီး လာမယ့် မတ်လ ၇ ရက်နေ့မှာတော့ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ကို စစ်တွေမြို့နယ် တရားရုံးမှာ ထပ်မံရုံးချိန်းလိုက်ပါတယ်။

ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့ကို ရုံးထုတ်ခဲ့တဲ့အချိန်မှာတော့ ရဲတပ်ဖွဲ့ဝင်တွေအရင် လိုမဟုတ်ဘဲ အရပ်ဝတ်တွေနဲ့ လုံခြုရေးတွေကို တင်းတင်းကျပ်ကျပ် ချပေးထားတာတွေ့ရပါတယ်။

ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့ကို ရသေ့တောင်မြို့နယ်မှာ ပြုလုပ်တဲ့ စာပေဟော ပြောပွဲနဲ့ပတ်သက်ပြီးဖမ်းဆီးခံရတာဖြစ်ပြီး နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှုပုဒ်မ ၁၂၂၊ နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) (ဂ)နဲ့ မတရားအသင်းနှင့် ဆက်သွယ်မှု ပုဒ်မ ၁၇/၁ တို့နဲ့ အမှုဖွင့်ထားပါတယ်။

ဒါ့အပြင် ရသေ့တောင်စာပေဟောပြောပွဲစီစဉ်သူ နီဘုန်းသန်းဝေတို့ကိုလည်း ရသေ့တောင်မြို့နယ် ရဲစခန်းက မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇ (၁) နိုင်ငံတော် အကြည်အညိုပျက်စေမှု ၅၀၅(ခ) (ဂ)နဲ့ အမှုဖွင့်အရေးယူထားပါတယ်။

သတင်း - ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013