DVB Logo
Home
မြန်မာသတင်း
အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရမှု ပရီမီယာ​ကော်​ဖီမစ်စက်​ရုံအလုပ်သမားများရှင်းလင်း  
DVB
·
February 21, 2018
အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရမှု ပရီမီယာ​ကော်​ဖီမစ်စက်​ရုံအလုပ်သမားများရှင်းလင်း  
Donate to DVB

 

ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန်ရှိ ပရီမီယာကော်ဖီမစ်စက်ရုံက ဆန္ဒပြ အလုပ်​သမား​တွေဟာ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရတာတွေနဲ့ ပတ်သက်လို့ ဖေ​ဖော်​ဝါရီ ၂၁ ရက်​​က မီဒီယာတွေကို သတင်းစာရှင်းလင်း ပြောကြားလိုက်ပါတယ်။

အလုပ်သမား​​တွေရဲ့ ဆန္ဒပြ​တောင်းဆိုချက်တွေမရမချင်း ပရီမီယာ​ကော်​ဖီစက်​ရုံက ထုတ်​ကုန်​​တွေမ​သောက်​ကြဖို့လည်း ဆန္ဒပြအလုပ်​သမား​ခေါင်း​ဆောင်​ မခိုင်​ခင်မိုးက​တောင်းဆိုပါတယ်။

“ကျမတို့အလုပ်​သမား​တွေကို နည်းမျိုးစုံနဲ့ လူ့အခွင့်အ​ရေး ချိုး​ဖောက်​​နေတာ​တွေအတွက်​​ တောင်းဆို​နေတာပါ။ သူတို့ဘက်​က လာ​ရောက်​ညှိနှိုင်းတာမဟုတ်​ပဲ သူတို့လိုချင်​တာ​တွေကိုပဲ လာ​ပြောသွားတာချည်းပဲ။ ကျမတို့​ တောင်းပန်​ချင်​တာက​တော့ ကျမတို့အလုပ်​သမား​တွေ ​ပြေလည်​မှု မရမချင်း ပရီမီယာ​ကော်​ဖီ စက်ရုံက ထွက်​တာ​တွေကို မစားသုံးကြပါနဲ့”

အလုပ်​သမား​တွေအ​နေနဲ့ လုပ်​ခလစာနဲ့ပတ်​သက်တာ​တွေ ကျန်းမာ​ရေးခံစားခွင့်၊ ခွင့် ခံစားခွင့်၊ တန်းတူညီမျှမှု အပါအဝင်​ ​တောင်းဆိုချက်​ ၁၅ ကို​ တောင်းဆိုထားပါတယ်​။

ဒီ​တောင်းဆိုချက်​​တွေထဲမှာ ၆ ချက်​ဟာ ဥပဒေပါအခွင့်အ​ရေးဖြစ်​လို့ အလုပ်​ရှင်​ကိုယ်​စားလှယ်​​တွေ ဘက်​က မူလက လိုက်​​လျောထား​ပေမယ့် အခု​နောက်​ပိုင်းမှာ​တော့ ဒီအချက်​​တွေကို ခံစားခွင့် မ​ပေး​တော့ဘူးလို့ပါတယ်​။

ပရီမီယာ​ကော်​ဖီစက်​ရုံနဲ့ အလုပ်​သမား​တွေအငြင်းပွားမှုဟာ ​ဖေ​ဖော်​ဝါရီ ၂ ရက်​​နေ့က​နေ စတင်​ခဲ့ပြီး ညှိနိုင်းမှု ၅ ကြိမ်​လုပ်​ခဲ့ပြီး အခုချိန်​ထိ​ပြေလည်​မှု မရ​သေးတာပဲဖြစ်​ပါတယ်​။ အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး အလုပ်ရှင် ပရီမီယာကော်ဖီ မစ်စက်ရုံတာဝန်ရှိသူတွေဘက်တော့ ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013