DVB Logo
Home
မြန်မာသတင်း
ဘုတ်ပြင်းမြို့နယ်တွင် အရှည် (၁၀)တောင်ခန့်ရှိ မိကျောင်းကြီး အဆွဲခံရပြီး လူ ၁ ဦးသေဆုံး
DVB
·
February 21, 2018
ဘုတ်ပြင်းမြို့နယ်တွင် အရှည် (၁၀)တောင်ခန့်ရှိ မိကျောင်းကြီး အဆွဲခံရပြီး လူ ၁ ဦးသေဆုံး
Donate to DVB

 

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ်မှာ မိကျောင်းဆွဲခံရလို့  အမျိုးသား ၁ ဦးသေဆုံးသွားတယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက်က ဘုတ်ပြင်းမြို့နယ်၊ ရွာသစ်ကျေးရွာ ပန်းပုံ ချောင်း ဒီရေတောကမ်းစပ်မှာ ရွာသား ဦးတင်ထွန်း(၃၇)နှစ်ကို  အရှည်(၁၀)တောင်ခန့်ရှိတဲ့ မိကျောင်း(၁)ကောင်က အမြီးနဲ့ ရိုက်ချကိုက်ချီပြီး ရေထဲသို့ဆွဲချသွားခဲ့တာပါ။

ပျောက်ဆုံးနေတဲ့ အဆိုပါရွာသားကို လိုက်လံ ရှာဖွေခဲ့ရာ ဖေဖော်ဝါရီ ၂၀ ရက် မနက် ၉ နာရီလောက်က  ရွာသစ်ကျေးရွာ အနောက် မြောက်ဘက် ပန်းပုံချောင်းကမ်းစပ်ရွံ့နွံထဲမှာ ဦးတင်ထွန်းကို  ယာလက်မောင်း၊ ယာပုခုံး၊ လည်ပင်း တို့မှာ ပေါက်ပြဲဒဏ်ရာတွေနဲ့ သေဆုံးနေတာကို  တွေ့ရှိခဲ့တာပါ။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဘုတ်ပြင်းမြို့မရဲစခန်းမှာ သေမှု သေခင်းအမှတ်စဉ်(၄/၂၀၁၈)နဲ့ အမှု ဖွင့်စစ်ဆေးနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013