DVB Logo
Home
မြန်မာသတင်း
“ဝ”တပ်ဖွဲ့နှင့် အစိုးရ တွေ့ဆုံမှုများပြားလာ၊ အန်စီအေတွင် ပါဝင်လက်မှတ်ရေးထိုးနိုင်ရန် မျှော်လင့်
DVB
·
February 21, 2018
“ဝ”တပ်ဖွဲ့နှင့် အစိုးရ တွေ့ဆုံမှုများပြားလာ၊ အန်စီအေတွင် ပါဝင်လက်မှတ်ရေးထိုးနိုင်ရန် မျှော်လင့်
Donate to DVB

 

“ဝ” တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင်တို့ရဲ့ ဒီလပိုင်း အတွင်းမှာတွေ့ဆုံဆွေးနွေးတာတွေ စိတ်လာပြီး ဆွေးနွေးချက်တွေမှာလည်း အပြုသဘောဆောင် တယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

“၀နဲ့ ငြိမ်းချမ်းရေးကော်မရှင်ဆွေးနွေးမှုတွေ ဒီလပိုင်းတော့ စိတ်လာတယ်။ ဆွေးနွေး နေတယ်။ သို့သော် ဆွေးနွေးမှုအခြေအနေကတော့ ကောင်းမွန်တယ် အပြုသဘောဆောင်တယ်။ ကျနော်တို့က NCA လက်မှတ်ထိုးဖို့အထိ မျှော်မှန်းပြီးတော့ ဆွေးနွေးနေတယ်”လို့ ဦးဇော်ဌေးက ပြောပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့က နေပြည်တော်၊ ပြန်ကြားရေးဝန်ကြီးဌာနရုံးမှာ ကျင်းပတဲ့ မဏ္ဍိုင် ၄ ရပ်အလုပ်ရုံဆွေးနွေးပွဲ ခေတ္တနားချိန်မှာ သတင်းထောက်တစ်ဦးရဲ့ “ဝ” အဖွဲ့ တွေ့ဆုံဆွေးနွေးနေမှု အခြေအနေကို မေးမြန်းရာမှာ  ဦးဇော်ဌေးက ဖြေကြားခဲ့တာပါ။

ပြီးခဲ့တဲ့ အစိုးရလက်ထက်က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (အန်စီအေ)မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့က ပါဝင်လက်မှတ်ရေးထိုးထားခဲ့တာဖြစ်ပြီး လက်ရှိ အစိုးရလက်ထက်မှာတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်က မွန်နဲ့ လားဟူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့  ထပ်မံပါဝင်ပြီး လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013