DVB Logo
Home
မြန်မာသတင်း
ငလျင်​နှင့် ​ဘေးအန္တရာယ်​ကာကွယ်​​ရေး ​ဟော​ပြောသရုပ်​ပြပွဲ မြင်းခြံ​ကောလိပ်​တွင် ကျင်းပ
DVB
·
February 21, 2018
ငလျင်​နှင့် ​ဘေးအန္တရာယ်​ကာကွယ်​​ရေး ​ဟော​ပြောသရုပ်​ပြပွဲ မြင်းခြံ​ကောလိပ်​တွင် ကျင်းပ
Donate to DVB

မြေငလျင်​နဲ့ ​ဘေးအန္တရာယ်​ဆိုင်​ရာ သိ​ကောင်းစရာများ ​ဟော​ပြောပွဲနဲ့ သရုပ်​ပြပွဲကို မန္တလေးတိုင်း​ဒေသကြီး မြင်းခြံမြို့ မြင်းခြံဒီဂရီ​ကောလိပ်​​မှာ ​ဖေ​ဖော်​ဝါရီ ၂၀ ရက်​က ပြုလုပ်​ခဲ့ပါတယ်​။

တိုင်း​ဒေသကြီး ​ဘေးအန္တရာယ်​ဆိုင်​ရာ စီမံခန့်​ခွဲမှု ဦးစီးဌာနဲ့ ပညာ​ရေးဌာနတို့ ပူး​ပေါင်းပြီးလုပ်ဆောင်တာဖြစ်ပြီး ကျောင်းသားတွေအနေနဲ့  ပတ်​ဝန်းကျင်​မှာ အန္တရာယ်​​တွေ ကျ​ရောက်​လာရင်​ ဘယ်​လို ကာကွယ်​​ပေးရမလဲဆိုတဲ့ အသိညဏ်​​တွေ ရ​စေချင်​လို့ လုပ်ဆောင်တာလို့ မြင်းခြံ ဒီဂရီ​ကောလိပ်​​ကျောင်းအုပ်​ဆရာကြီး ​ဒေါက်​တာမောင်​​မောင်​က ပြောပါတယ်။

“အဓိက ရည်​ရွယ်​ချက်​က​တော့ ​ကျောင်းသား ကျောင်းသူ​တွေကို သူတို့ရဲ့ ကာယ ဉာဏ စာရိတ္တ ဘက်​စုံဖွံ့ဖြိုးတိုးတက်​ရမယ်​။ သူတို့​တွေက ​ဒေသဖွံ့ဖြိုး​ရေး ​ဆောင်​ရွက်​တဲ့အခါမှာ ​ကျောင်းသား ကျောင်းသူ​တွေအ​နေနဲ့ ဒီအ​ကြောင်း​တွေကို သိထားဖို့ လိုပါတယ်​။ ​ကျောင်းမှာ သင်​တဲ့ စာအပြင်​ လက်​​တွေ့အသုံးချတဲ့ မိမိတို့ ဘာသာရပ်​​တွေက ဘယ်​မှာ အသုံးချလို့ ရတယ်​ဆိုတာ သိသွား​စေချင်​တာပါ။ ပြီး​တော့ ပညာ​ရေးဌာနမှာ တာဝန်​ယူထားတဲ့ ပုဂ္ဂိုလ်​​တွေဟာ နိုင်​ငံတကာ အဖွဲ့အစည်း​တွေ၊ အစိုးရအဖွဲ့အစည်း​တွေ၊ ပြင်​ပအဖွဲ့အစည်း​တွေနဲ့ ပူး​ပေါင်း​ဆောင်​ရွက်​ဖို့ ညွန်​ကြားချက်​လည်း ပါတဲ့အတွက်​ ခုလို ပူး​ပေါင်းပြီး မိမိပတ်​ဝန်းကျင်​မှာ အန္တရာယ်​​တွေ ကျ​ရောက်​လာရင်​ ဘယ်​လို ကာကွယ်​​ပေးရမလဲ ဆိုတဲ့ အသိညဏ်​​တွေ ရ​စေချင်​လို့ ​”

မန္တလေးတိုင်း​ဒေသကြီးရှိ ​ဘေးအန္တရာယ်​ဆိုင်​ရာ စီမံခန့်​ခွဲမှု ဦးစီးဌာနအနေနဲ့ ခုလို ​ဟော​ပြောပွဲနဲ့ လက်​​တွေ့သရုပ်​ပြပွဲကို ပထမအကြိမ်​အဖြစ်​ စဥ့်ကူးမြို့နယ်​မှာ ပြုလုပ်​ခဲ့ပြီး ယခု မြင်းခြံ ဒီဂရီ​ကောလိပ်​​မှာ ဒုတိယအကြိမ်​ ပြုလုပ်​တာလည်း ဖြစ်​ပါတယ်​။

ဘေးအန္တရာယ်​ စီမံခန့်​ခွဲမှု ဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦး​အေးမင်းသူက “မန္တလေးတိုင်းဆိုတာ ငလျင်​နဲ့ပတ်​သက်​ပြီး အန္တရာယ်ရှိပါတယ်​။ အန္တရာယ်ရှိတဲ့အတွက်​ အထပ်​မြင့်ဖြစ်​​စေ၊ အထပ်​နိမ့်ဖြစ်​​စေ နှစ်​ခုလုံးမှာ တကယ်​ရင်​ဆိုင်​လာရရင်​ အန္တရာယ်​ကင်းစွာ ဘယ်​လို​နေထိုင်​ရမလဲဆိုတာ သိ​အောင်​လို့ ကျ​နော်​တို့က အသိပညာ​ပေး လုပ်​ငန်း​တွေ လိုက်​ပြီး ​ဆောင်​ရွက်​​ပေး​နေတာပါ”လို့ပြောပါတယ်​။

ယ​နေ့ ပြုလုပ်​တဲ့ ငလျင်​နဲ့ ​ဘေးအန္တရာယ်​ဆိုင်​ရာ ​ဟော​ပြောပွဲနဲ့ လက်​​တွေ့သရုပ်​ပြပွဲမှာ မြန်​မာနိုင်​ငံ လူမှုကယ်​ဆယ်​​ရေးအဖွဲ့ (မန္တလေး)၊ မြင်းခြံခရိုင်​ မီးသတ်​ဦးစီးဌာန၊ ကြက်​​ခြေနီအဖွဲ့၊ ပရဟိတလူမှုကယ်​ဆယ်​​ရေး အဖွဲ့အစည်းတွေ၊၊ ဌာနဆိုင်​ရာမှ တာဝန်​ရှိသူတွေ၊ ​ဆရာ ဆရာမများနဲ့ ​ကျောင်းသား ကျောင်းသူတွေ တက်​​ရောက်​ခဲ့ကြပါတယ်​။

အဖြူ​ရောင်​လက်​များ ပရဟိတအသင်းမှ ဥက္ကဋ္ဌ ဦး​အေးချမ်းနိုင်​က "အများပြည်​သူ​တွေကို မြန်​မာနိုင်​ငံမှာ သဘာဝ​ဘေးအန္တရာယ်​​တွေ ငလျင်​ဒဏ်​​တွေ ကြုံ​တွေ့လာရင်​ ဘယ်​လို​ ရှောင်​ရမယ်​၊ ဘယ်​လို​နေထိုင်​ရမယ်​၊ ဘယ်​လို ကယ်​ဆယ်​ရမယ်​ ဆိုတာ​တွေကို သိရှိေ​စေဖို့နဲ့ လက်​​တွေ့သရုပ်​ပြသွားမှာပါ။ မြန်​မာနိုင်​ငံမှာ အခုဆိုရင် ​ငလျင်​လှုပ်​ခတ်​မှု​တွေ ​နေရာအ​တော်​များများမှာ မကြာခဏဆိုသလို ဖြစ်​​နေတာမို့ ပြည်​သူ​အများ သိ​စေချင်​တာေ​ကြာင့် ပူး​ပေါင်းပါဝင်​ရတာပါ”လို့ ​ပြောပါတယ်​။

မြန်မာနိုင်ငံနေရာအနှံ့အပြားမှာ ပြီးခဲ့တဲ့လကတည်းကစပြီး အင်အားအနည်းငယ်နဲ့ အင်အားအသင့်အတင့်ရှိ မြေငလျင်တွေ ဆက်တိုက်ဆိုသလို လှုပ်ခတ်နေတာဖြစ်ပါတယ်။

သတင်း - ရီရီထွန်း (မြင်းခြံ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013