DVB Logo
Home
မြန်မာသတင်း
ဖုန်ကြားရှင် ကွယ်လွန်သည့်သတင်း မဟုတ်မမှန်ဟု မိုင်းလားတပ်ဖွဲ့ပြော
DVB
·
February 21, 2018
ဖုန်ကြားရှင် ကွယ်လွန်သည့်သတင်း မဟုတ်မမှန်ဟု မိုင်းလားတပ်ဖွဲ့ပြော
Donate to DVB

 

ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ MNDAA အဖွဲ့ခေါင်းဆောင် ဖုန်ကြားရှင် ကွယ်လွန်သွားပြီဆိုတဲ့သတင်းတွေဟာ မဟုတ်မမှန်တဲ့အကြောင်း ညီနောင် မိုင်းလားတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဦးကြည်မြင့် က ပြောပါတယ်။

“မဟုတ်မမှန် သတင်း ဖြစ်တယ်။ ဒီ မနက် ၄ နာရီမှာ ဆုံးတယ်တို့ဘာတို့ အဲ့လိုတွေ လျှောက်ပြောနေတာ၊ မဟုတ်ဘူး၊”

ဖုန်ကြားရှင်နဲ့ ခုနှစ်ဆန်းပိုင်း လူချင်းတွေ့ခဲ့တုန်းက ကျန်းမာရေးကောင်းမွန်ပြီး လမ်းလျှောက် နေတာ တွေ့မြင်ခဲ့ရတယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ခုနှစ်တုန်းက မြန်မာနိုင်ငံအရှေမြောက်ပိုင်း၊ လောက်ကိုင်ဒေသ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ဦးဖုန်ကြားရှင်ခေါင်ဆောင်တဲ့ MNDAA တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ဖို့ ကြိုးပမ်းခဲ့ရာမှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။

လတ်တလောမှာ ကိုးကန့်တပ်ဖွဲ့ဟာ  ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဦးဆောင်တဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့မှာ ပါဝင်လှုပ်ရှားနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013