ဆရာတော်ဦးပါမောက္ခကို ထောင်ဒဏ် ၃ လ ချမှတ်
DVB
·
February 21, 2018

1 / 5
ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးရှေ့ဆန္ဒပြခဲ့တဲ့အဖွဲ့ထဲက ဦးဆောင်ပါဝင်သူ ဆရာတော် ဦးပါမောက္ခကို ကမာရွက်မြို့နယ်တရားရုံးက ဒီနေ့ မနက်က ပုဒ်မ ၅၀၅ (ခ)နဲ့ ထောင်ဒဏ်သုံးလ ချမှတ်လိုက်ပါတယ်။
၂၀၁၆ဧပြီ ၂၈ ရက်နေ့က အမေရိကန်သံရုံးရှေ့မှာ ရိုဟင်ဂျာမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့တဲ့အတွက် ဆရာတော်ဦးပါမောက္ခကို ကမာရွတ်မြို့နယ်တရားရုံးက ငြိမ်းစုစီပုဒ်မ ၁၉ နဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) တို့နဲ့ တရားစွဲဆို ခံထားရတာဖြစ်ပါတယ်။
ဆရာတော် ဦးပါမောက္ခဟာ ၂၀၁၇ ခု နိုဝင်ဘာ ၁၂ ရက်နေ့က ဖမ်းဆီးလူဝတ်လဲ ခံခဲ့ရတာဖြစ်ပါတယ်။











