DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်အရေး မီးစင်ကြည့်ကနေတာ မဟုတ်ဟု လူကယ်ပြန်ဝန်ကြီးပြော
DVB
·
February 20, 2018
ရခိုင်ပြည်နယ်အရေး မီးစင်ကြည့်ကနေတာ မဟုတ်ဟု လူကယ်ပြန်ဝန်ကြီးပြော
Donate to DVB

 

ရခိုင်ပြည်နယ် မြောက်ပိုင်း နယ်မြေတည်တံ့ခိုင်မြဲရေး ဒေသခံတိုင်းရင်းသားတို့ရဲ့ လူမှုဘဝ ထူထောင်ဖို့ စီမံကိန်းတွေ ပွင့်လင်းမြင်သာစွာချပြပြီး ထိရောက်စွာ အကောင်အထည်ဖော်ဖို့ အစိုးရကို တိုက်တွန်းကြောင်းအဆို ဒီကနေ့ ပြည်သူ့လွှတ်တော် ဆွေးနွေးပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသပြဿနာကို အစိုးရအဆက်ဆက်အနေနဲ့ မီးစင်ကြည့်ကတဲ့ ပုံစံနဲ့ ဖြေရှင်းခဲ့လို့ လက်ရှိအချိန်အထိ ဖြေရှင်းဖို့ ခက်ခဲနေရတဲ့ ပြဿနာအဖြစ် ရှိနေရတာဖြစ်တယ်လို့ အဆိုဆွေးနွေးခဲ့တဲ့ ကိုယ်စားလှယ်တချို့က မှတ်ချက်ပြု ပြောဆိုခဲ့ကြပါတယ်။

အဲဒီမှတ်ချက်ကိုတော့ အစိုးရကိုယ်စား လာရောက်ဖြေဆိုခဲ့တဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ငြင်းဆိုခဲ့ပြီး လက်ရှိအစိုးရအနေနဲ့ ရခိုင်ပြည်နယ်အရေးကို မီးစင်ကြည့်က နေတာ မဟုတ်ဘဲ စနစ်တကျ ဆောင်ရွက်နေတာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

“ရခိုင်ပြည်နယ်ရဲ့ အရေးကို အစိုးရအနေနဲ့ ဆောင်ရွက်နေတဲ့အခါမှာ မီးစင်ကြည့်ကခြင်း မဟုတ်ဘဲ၊ စနစ်တကျ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ရှင်းလင်းတင်ပြလိုပါတယ်။ ရခိုင်ပြည်နယ် အပါအဝင် နိုင်ငံတစ်ဝှမ်းလုံးမှာ ဖွံ့ဖြိုးရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် လုပ်ဆောင်ရန်များစွာရှိနေပြီး အစိုးရအနေနဲ့ အလေးထားကြိုးပန်းဆောင်ရွက်လျှပ်ရှိပါတယ်”

မြန်မာနိုင်ငံဟာ လွတ်လပ်တဲ့ အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်ပေမယ့် ရခိုင်ပြည်နယ် အရေးကို ကိုင်တွယ်ဖြေရှင်းတဲ့အခါမှာတော့ အစိုးရအနေနဲ့ ကိုဖီအာနန်ကော်မရှင်ရဲ့ အစီရင်ခံစာအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်နေရတဲ့အတွက် တိုင်းတပါးက ချုပ်ကိုင်ကြိုးစွဲနေတဲ့ အဖြစ်မျိုးရောက်နေတယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်မိုး ထောက်ပြဝေဖန်ပါတယ်။

ဒီအတွက် နိုင်ငံတကာမှာ ပြဋ္ဌာန်းထားကြတဲ့အတိုင်း မြန်မာနိုင်ငံအတွက် အမျိုးသား လုံခြုံရေး ဆိုင်ရာဥပဒေကို ရေးဆွဲပြဋ္ဌာန်းသင်တယ်လို့လည်း ဆိုပါတယ်။

“ကျနော်တို့နိုင်ငံဟာ လွတ်လပ်ပြီး အချုပ်အခြာအာဏာ ပိုင်တဲ့နိုင်ငံပါ။ နိုင်ငံသားတိုင်းမှာ မိမိတို့ရဲ့ အချုပ်အခြာအာဏာကို မိမိတို့သာ ကိုင်ဆွဲစီမံပိုင်ခွင့်ရှိပါတယ်။ ဒါပေမယ့် ယခု ရခိုင်ပြည်နယ်ပြဿနာမှာတော့ မစ္စတာ ကိုဖီအာနန်ရဲ့ အကြံပေးချက်အတိုင်း အကောင်အထည် ဖော်နေရတယ်ဆိုတော့ ကျနော်တို့ နိုင်ငံရဲ့ အချုပ်အခြာအာဏာဟာ သူတပါးကြိုးစွဲသလို ကနေရတဲ့အဖြစ်မျိုး သူတစ်ပါးက ချုပ်ကိုင်တဲ့ အဖြစ်မျိုးရောက်နေတာကြောင့် ဒီအဖြစ်မျိုးက ကင်းလွတ်စေချင်တဲ့အတွက် အဆိုရှင်ရဲ့ အဆိုကို ထောက်ခံရပါတယ်။”

ရခိုင်အမျိုးသားပါတီကိုယ်စားလှယ် ဦးအောင်သောင်းရွှေတင်သွင်းတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်း နယ်မြေတည်တံ့ခိုင်မြဲရေး ဒေသခံတိုင်းရင်းသားတို့ရဲ့ လူမှုဘဝ ထူထောင်ဖို့ စီမံကိန်းတွေ ပွင့်လင်းမြင်သာစွာချပြပြီး ထိရောက်စွာ အကောင်အထည်ဖော်ဖို့ အစိုးရကို တိုက်တွန်းကြောင်းအဆိုကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၇ ဦးက ဆွေးနွေးခဲ့ပြီး မဲခွဲဆုံးဖြတ်ရာမှာတော့ ကန့်ကွက်သူများတဲ့အတွက် အဆိုကို မှတ်တမ်းအဖြစ်သာ ထားရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013