
မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ဝင် တအိတ်ကို ငွေကျပ် ၅၁,၉၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၉၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ အသစ် ၁ အိတ်ကို ၄၉,၀၀၀ ကျပ်ကနေ ငွေကျပ် ၅၂,၅၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် ၁ အိတ်ကို ၆၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
ပဲစင်းငုံနီ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက ၁ အိတ်ကို ၄၁,၀၀၀ ကျပ် ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၂,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ အသစ် ၁ အိတ်ကို ၃၅,၀၀၀ ကျပ်ကနေ ငွေကျပ် ၄၀,၅၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၁,၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၁ အိတ်ကို ၅၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
ကုလားပဲ v2
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ကုလားပဲ v2 က ၅၇.၂၅ ပိဿာဝင် တအိတ်ကို ၈၅,၀၀၀ ကျပ် ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၁,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူ ကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၇၉,၅၀၀ ကျပ်ကနေ ငွေကျပ် ၈၄,၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၁,၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် ၁ အိတ်ကို ၁,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
ဆန်ပြောင်းဖြူ
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ဆန်ပြောင်းဖြူက ၅၉.၂၅ ပိဿာဝင် ၁ အိတ်ကို ၄၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၄၂,၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၁,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၃၈,၁၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် ၁ အိတ်ကို ၂,၁၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
စီပီပြောင်း
စီပီပြောင်း အများဆုံးထွက်တဲ့ လားရှိုးကုန်စည်ဒိုင်မှာ စီပီပြောင်းက ၅၄ ပိဿာဝင် ၁ အိတ်ကို ၃၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၃၀,၈၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ၂၇,၀၀၀ ကျပ်ကနေ ငွေကျပ် ၃၃,၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၁,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ လားရှိုးနဲ့ မန္တလေးကုန်စည်ဒိုင် ၁ အိတ်ကို ၂,၂၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
ကြက်သွန်နီ
ကြက်သွန် အများဆုံးထွက်ရှိတဲ့ ပခုက္ကူကုန်စည်ဒိုင်မှာ ကြက်သွန်နီက ၁ ပိဿာကို ၅၀၀ ကျပ်ကနေ ၁,၅၀၀ ကျပ် ပေါက်ဈေးရှိပြီး ၁၂၅ ကျပ် ဈေးကျဆင်းသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ ၁ ပိဿာကို ၃၀၀ ကျပ်ကနေ ၁,၃၀၀ ကျပ် ပေါက်ဈေးရှိပြီး ၁ ပိဿာကို ၂၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူနဲ့ မြင်းခြံကုန်စည်ဒိုင် ၁ ပိဿာကို ၂၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။
သတင်း - AMIA











