DVB Logo
Home
မြန်မာသတင်း
ရန်ကုန်ရေမြောင်းနှင့် အဆောက်အဦများ အဆင့်မြှင့်ရန် ဒေါ်လာ ၁၁၆ သန်းသုံးမည်
DVB
·
February 20, 2018
ရန်ကုန်ရေမြောင်းနှင့် အဆောက်အဦများ အဆင့်မြှင့်ရန် ဒေါ်လာ ၁၁၆ သန်းသုံးမည်
Donate to DVB

 

ရန်ကုန်မြို့ရှိ ရေမြောင်းစနစ်တွေနဲ့ အများပြည်သူနဲ့ သက်ဆိုင်တဲ့ အဆောက်အဦတွေကို အဆင့်မြှင့်တင်နိုင်ဖို့ ကမ္ဘာ့ဘဏ်ချေးငွေ အမေရိကန်ဒေါ်လာ ၁၁၆ သန်းနဲ့ အကောင်အထည်ဖော် လုပ်ဆောင်သွားဖို့ရှိနေပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက် ဒီနေ့ ရန်ကုန်မြို့ ရှန်ဂရီလာဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ “မြန်မာနိုင်ငံနှင့် အရှေ့တောင်အာရှ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုစီမံကိန်း” မိတ်ဆက်ပွဲ အခမ်းအနားမှာ ထုတ်ဖော်ကြေညာခဲ့တာ ဖြစ်ပါတယ်။

အလုပ်ရုံဆွေးနွေးပွဲမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်မြို့ဟာ သဘာဝဘေးအန္တရာယ်ခံစားရနိုင်တဲ့ မြို့ဖြစ်နေတယ်လို့ ပြောသွားပါတယ်။

“ရေကြီးရေလျှံဖြစ်နေမှုကိစ္စရပ်များနဲ့  ပတ်သက်ပြီးရေမြောင်းများ ပိုမိုကောင်းမွန်လာနိုင်ရန် စနစ်တကျလေ့လာဆန်းစစ်မှုတွေ ပြုသွားနိုင်မည်ဖြစ်တယ်။ အခြေခံအဆောက်အအုံများ ကြံ့ခိုင်မှုနဲ့ ပတ်သက်ပြီး အများပြည်သူ ဝင်ထွက်သွားလာနေတဲ့ ဈေးတွေ၊ ဆေးရုံတွေစတဲ့ အဆောက်အဦတွေကို ကြံ့ခိုင်မှုဖြစ်အောင်အခု အလုပ်ရုံဆွေးနွေးပွဲကတစ်ဆင့် အခွင့်အလမ်း ကောင်းများ ရလာနိုင်တယ်။ ရန်ကုန်မြို့ဟာ သဘာဝဘေးအန္တရာယ်ဒဏ်ကို ထိရောက်နိုင်ခြေ၊ ခံစားရနိုင်တဲ့ မြို့တစ်မြို့ဖြစ်ပြီးငလျင်ဒဏ်နဲ့ ရေကြီးရေ လျှံမှုပြဿနာများကိုလည်း ခံစားရနိုင်တဲ့ အခြေအနေရှိတယ်။”

ကမ္ဘာ့ဘဏ်ချေးငွေနဲ့ အကောင်အထည်ဖော်လုပ်ဆောင်မယ့် စီမံကိန်းကို  လွန်ခဲ့တဲ့နှစ်က ကမ္ဘာ့ဘဏ်ဒါရိုက်တာဘုတ်အဖွဲ့က အတည်ပြုခဲ့ပြီး ရန်ကုန်မြို့ရေမြောင်းစနစ်နဲ့  အရေးပါတဲ့ အခြေခံအဆောက်အဦများ အဆင့်မြှင့်တင်ဖို့ စာချုပ်တွေ ချုပ်ဆိုနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် စီမံကိန်းအကောင်အထည်ရေးအဖွဲ့တွေကို ဖွဲ့စည်းခြင်း၊ ဘတ်ဂျက်နဲ့ လုပ်ငန်း အစီအစဉ်တွေရေးဆွဲခြင်း၊ ပစ္စည်းဝယ်ယူရေး၊ ဘဏ္ဍာရေး၊ စီမံကိန်းစီမံခန့်ခွဲရေးစတဲ့ သင်တန်းတွေ ဖွင့်လှစ်ခြင်းတို့ကို ဆောင်ရွက်နေတယ်လို့လည်း တိုင်းအစိုးရသတင်းစာ မျက်နှာမှာ ဖော်ပြထားပါတယ်။

လူဦးရေ ၅ သိန်းလောက်ကို အကျိုးပြုမယ့် ဒီစီမံကိန်းမှာ  ဂျပန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန နဲ့ နိုင်ငံတကာ အလှူရှင်တွေပါဝင်တဲ့ အရှေ့တောင်အာရှ သဘာဝဘေးအန္တရာယ် အာမခံ ရန်ပုံငွေ (SEADRIF)အတွက် ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ တစ်သန်း ပူးတွဲ ထည့်ဝင်ထားကြောင်းလည်း သိရပါတယ်။

မြန်မာနိုင်ငံဟာ သဘာဝဘေးအန္တရာယ်တွေနဲ့  ရင်ဆိုင်ရနိုင်ချေ မြင့်မားတဲ့နိုင်ငံဖြစ်ပြီး သဘာဝဘေးကြောင့်  နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၈၄ သန်းခန့်ဆုံးရှုံးနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013