DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်တွင် အကျင့်ပျက် ရဲအရာရှိ ၂ ဦးနှင့် အမှုထမ်း ၁၆ ဦးကို အရေးယူ
DVB
·
February 20, 2018
ရခိုင်ပြည်နယ်တွင် အကျင့်ပျက် ရဲအရာရှိ ၂ ဦးနှင့် အမှုထမ်း ၁၆ ဦးကို အရေးယူ
Donate to DVB

ရခိုင်ပြည်နယ်ထဲ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းအတွင်း အကျင့်ပျက် ရဲအရာရှိ ၂ ဦးနဲ့ အမှုထမ်း ၁၆ ဦး စုစုပေါင်း ၁၈ ဦးတို့ကို အရေးယူခဲ့တယ်လို့ ရခိုင်ပြည်နယ်ဆိုင်ရာ ကော်မတီရဲ့ ပြည်သူသို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ရခိုင်ပြည်နယ်အတွင်း ၂၀၁၇ ဇန်နဝါရီ ၁ ရက်ကနေ နိုဝင်ဘာ ၂၂ ရက်အထိ မူးယစ် အမှုပေါင်း ၁၃၈ မှုနဲ့ တရားခံ ၁၉၁ ဦးတို့ကို ဖမ်းဆီး အရေးယူနိုင်ခဲ့ပြီး  စုစုပေါင်း မူးယစ်ဆေးဝါး တန်ဖိုး ငွေကျပ် ၆၅ သန်းကို ဖမ်းဆီးနိုင်ခဲ့တယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေနဲ့ပတ်သက်တဲ့ ပြည်သူသို့ အစီရင်ခံစာတစောင်ကို ကော်မတီက ပထမဆုံးအကြိမ် ထုတ်ပြန်ပါတယ်။

ကော်မတီရဲ့ အစီရင်ခံစာထဲမှာ ၂၀၁၇ ဒီဇင်ဘာအထိ လုပ်ငန်းဆောင်ရွက်မှုတွေကို အစီရင်ခံတင်ပြထားပြီး ရခိုင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုအခြေအနေ၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှု စတဲ့ကဏ္ဍတွေ ပါဝင်ပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်များကို အကောင်အထည်ဖော် ဆောင်ရွက်မယ့် ကော်မတီတရပ်ကို အစိုးရက ၂၀၁၇ အောက်တိုဘာလမှာ စတင်ဖွဲ့စည်းပေးခဲ့ပြီး လေးလတကြိမ် ပြည်သူကို အစီရင်ခံဖို့ တာဝန်ပေးထားတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013