DVB Logo
Home
မြန်မာသတင်း
၁ လအရွယ် ကလေးငယ်၏ဗိုက်ထဲ နောက်ထပ်ကလေးတဦး သန္ဓေတည်နေမှု ဖြစ်ပွား
DVB
·
February 19, 2018
၁ လအရွယ် ကလေးငယ်၏ဗိုက်ထဲ နောက်ထပ်ကလေးတဦး သန္ဓေတည်နေမှု ဖြစ်ပွား
Donate to DVB

ပုသိမ်မြို့၊ အထွေထွေရောဂါကုဆေးရုံကြီး ခွဲစိတ်ဆောင်မှာ အမြွှာပူးမွေးဖွားတဲ့ ၁ လအရွယ် မိန်းကလေးငယ်တဦးရဲ့ ဗိုက်ထဲမှာ နောက်ထပ်ကလေးငယ်တဦး ထပ်ပြီး သန္ဓေတည်နေမှုတခု ဖြစ်ပွားခဲ့ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ပျဉ်းကတိုးကုန်းကျေးရွာမှာနေထိုင်တဲ့ ဦးထွန်းနိုင်ဦးနဲ့ဒေါ်တင်တင်လတ်တို့ ဇနီးမောင်နှံဟာ ဇန်နဝါရီလအတွင်းက ဆေးရုံမှာ အမြွှာမိန်းကလေး ၂ ဦးကို ခွဲစိတ်မွေးဖွားခဲ့ပြီး အငယ်မိန်းကလေးရဲ့ဗိုက်က မွေးကတည်းက ပူနေတာကြောင့် ဆရာဝန်တွေက ဓာတ်မှန်ရိုက်ကြည့်ခဲ့ရာ ကလေးလို့ ယူဆရတဲ့အရာကို တွေ့ရှိခဲ့ရတယ်လို့ ကလေးမိဘတွေဆီက သိရပါတယ်။

ဒါပေမယ့် ကလေးက ငယ်နေသေးတာကြောင့် ၂၉ ရက်စောင့်ကြည့်ခဲ့ပြီးနောက် ကလေးကို ဗိုက်ခွဲခဲ့ရာမှာတော့ ဆံပင်၊ မျက်နှာ၊ ခန္ဓာကိုယ် စုံလင်ပြီး အောက်ပိုင်း မစုံလင်တဲ့ ကလေးတဦး ထပ်မံမွေးဖွားခဲ့ပေမယ့် အသက်တော့ပါမလာဘူးလို့ ပုသိမ်အထွေထွေရောဂါကု ဆေးရုံတာဝန်ရှိသူတဦးက ပြောပါတယ်။

“ရင်ချင်းဆက်အမြွှာပူးတွေ၊ ခေါင်းချင်းဆက်အမြွှာပူးတွေလည်း မွေးတာပါပဲ။ ဆေးပညာရပ်အနေနဲ့ ပြောရင်တော့ အသေးစိတ်ကအစ ပြောရလိမ့်မယ်။ လူ ၁ သိန်းမှာ တယောက်ဖြစ်ခဲတော့ သာမာန်လူတွေအတွက်တော့ ထူးခြားနေမှာဖြစ်ပေမယ့် ဆေးပညာရပ် အနေနဲ့ ထူးခြားဖြစ်စဉ်တခုတော့ မဟုတ်ပါဘူး” လို့ ပုသိမ်အထွေထွေရောဂါကု ဆေးရုံအုပ်ကြီး ဒေါက်တာမျိုးသန့်က ပြောပါတယ်။

ဦးထွန်းနိုင်ဦးနဲ့ ဒေါ်တင်တင်လတ်တို့ လင်မယားမှာ အခုမွေးဖွားတဲ့ အမြွှာမိန်းကလေး ၂ ယောက် အပါအဝင် သားသမီး ၅ ယောက်ရှိပြီး ကလေးရောမိခင်ပါ ကျန်းမာတာကြောင့် ပုသိမ်အထွေထွေရောဂါကုဆေးရုံကဆင်းကာ နေရပ်ပျဉ်းကတိုးကုန်းကျေးရွာမှာ ပြန်လည်နေထိုင်နေပြီလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ဒီဇင်ဘာလအတွင်းကလည်း ၃ လသားအရွယ် ယောက်ျားလေးတဦးရဲ့ ဗိုက်ထဲ သန္ဓေသားလို့ ယူဆရတဲ့ အသားလုံးသုံးခုရှိနေတာ တွေ့ရလို့ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံမှာ ခွဲစိတ်ကုသခဲ့ဖူးပါတယ်။

သတင်း-မြမင်းဦး(ပုသိမ်)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013