DVB Logo
Home
မြန်မာသတင်း
တောင်ကိုရီးယားသမ္မတ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ
DVB
·
May 15, 2012
တောင်ကိုရီးယားသမ္မတ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ
Donate to DVB

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ တောင်ကိုရီယား သမ္မတ လီမြောင်ဘက်ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့  ဒီနေ့မနက်ပိုင်းက ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ် မှာ တွေ့ဆုံခဲ့ ပါတယ်။

တွေ့ဆုံတဲ့ အကြောင်းအရာတွေကို မသိရပေးမယ့် တွေ့ဆုံအပြီး ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ သမ္မတ လီမြောင်ဘက်က တောင်ကိုရီးယားနိုင်ငံ ဟာ စက်မှုနိုင်ငံ တည်ထောင်ရေးမှာရော ဒီမိုကရေစီစနစ်ကျင့်သုံးမှုမှာ ပါ အောင်မြင် ခဲ့တဲ့ နိုင်ငံတနိုင်ငံဖြစ်တဲ့ အကြောင်း၊ မြန်မာပြည် ရဲ့ ဒီမိုကရေစီခရီး နဲ့ ချမ်းသာကြွယ်ဝရေး မှာ  ကိုရီးယားပြည်သူတွေ က အကူအညီပေးဖို့ အသင့်ရှိတယ် လို့ သတင်းထောက်တွေ ကို ပြောကြား ခဲ့ပါတယ်။

ဒါ့ပြင်  မြန်မာပြည် အနာဂတ်မှာ ခေါင်းဆောင်ဖြစ်လာမယ့် သူတွေအတွက် ပညာရေး အကူအညီတွေ ပေးချင်ကြောင်း ပြောကြားခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲကို တက်ရောက်ခဲ့တဲ့ NHK သတင်းဌာန က ရန်ကုန်အခြေစိုက် သတင်းထောက် ကိုသီဟက ဒီဗွီဘီကို ပြောပါတယ်။

“ကိုရီးယားကပြောတာကျတော့ သူတို့က နိုင်ငံနှစ်နိုင်ငံရဲ့ သမိုင်းကြောင်းက အဆင်ပြေတဲ့အတွက်ကြောင့် အကူအညီပေးချင်တယ်။ အဓိက ပညာရေးပေါ့။ အနာဂတ် ခေါင်းဆောင်တွေဖြစ်လာ မယ့်သူတွေ အတွက် ပညာရေး အဓိက ပေးချင်တယ်။ နောက်တခါ သမ္မတကြီး နဲ့ တွေ့ခဲ့တုန်းကလည်း မြောက် ကိုရီးယား အစိုးရနဲ့ ဆက်ဆံတဲ့အခါမှာ ကုလသမဂ္ဂရဲ့ ချမှတ်ထားတဲ့ သတ်မှတ်ချက်တွေ လိုက်နာဖို့ပါ။”

မြန်မာအနေနဲ့ မြောက်ကိုရီးယားနဲ့ ဆက်ဆံတဲ့အခါမှာ ကုလသမဂ္ဂက ချမှတ်ထားတဲ့ သတ်မှတ်ချက်တွေကို လိုက်နာဖို့အတွက်  သမ္မတ ဦးသိန်းစိန်နဲ့ မနေ့က တွေ့ဆုံတဲ့ အခါ မှာ ပြောခဲ့ကြောင်း  လီမြောင်ဘက် က ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း ပညာရေး အကူအညီတွေ ပေးဖို့ ပြောဆိုသွားပြီး အဲဒီအကူအညီတွေ ဟာ အစိုးရက ဖြစ်စေချင်တဲ့ ပညာရေးမျိုး  မဟုတ်ဘဲ အများပြည်သူ အတွက် ဖြစ်ဖို့လိုတဲ့ အကြောင်း ပြောကြားခဲ့တယ် လို့ သိရပါတယ်။

တောင်ကိုရီယားသမ္မတ လီမြောင်ဘက်ဟာ တနင်္လာနေ့မှာ မြန်မာသမ္မတ ဦးသိန်းစိန် နဲ့ နေပြည်တော်မှာ တွေ့ဆုံစဉ် မှာ ဦးသိန်းစိန်က မြောက်ကိုရီယားနိုင်ငံနဲ့ နျူကလီးယား လက်နက် အတွက် ပူးပေါင်းဆောင်ရွက်တာ မရှိပေမယ့် မြောက်ကိုရီးယားဆီကနေ သမားရိုး ကျစစ်ပွဲအတွက် လက်နက်ပစ္စည်း ၀ယ်ယူတာတွေကို ဆက်မလုပ်တော့ဘူးလို့ ပြောကြောင်း တောင်ကိုရီးယား သမ္မတ အိမ်တော်က သတင်း ထုတ်ပြန်ပါတယ်။

ဒါဟာ မြန်မာနိုင်ငံရဲ့ အဆင်မြင့်ဆုံး ခေါင်းဆောင်တဦးကနေ မြောက်ကိုရီးယားဆီကနေ လက်နက်ပစ္စည်း ၀ယ်ယူခဲ့တာကို ပထမဦးဆုံး အကြိမ် ၀န်ခံလိုက်တာလည်း ဖြစ်ပါ တယ်။ မြောက်ကိုရီး ယားနိုင်ငံကို ကမ္ဘာ့ကုလသမဂ္ဂကနေ လက်နက်ရောင်းချတာ မလုပ်ဖို့ ပိတ်ပင်ထားတာလည်း ဖြစ်ပါတယ်။

သမ္မတလီမြောင်ဘက်ရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ ၁၉၈၃ ခုနှစ်က အာဇာနည်ဗိမာန် မှာ မြောက် ကိုရီးယား သူလျိုတွေ ရဲ့   ဗုံးခွဲလုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားခံခဲ့ရတဲ့ သမ္မတ ချန်ဒူဝှန် လာ ရောက်ပြီး နောက် နှစ်ပေါင်း ၃၀ခန့် အတွင်း တောင်ကိုရီးယား သမ္မတ တဦးရဲ့ ပထမဆုံး ခရီးစဉ်ဖြစ် ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013