DVB Logo
Home
မြန်မာသတင်း
တောင်သူလယ်သမားနေ့အခမ်းအနားကို လယ်သမားများ ကိုယ်ထူကိုယ်ထကျင်းပမည်
DVB
·
February 19, 2018
တောင်သူလယ်သမားနေ့အခမ်းအနားကို လယ်သမားများ ကိုယ်ထူကိုယ်ထကျင်းပမည်
Donate to DVB

လာမဲ့ မတ်လ ၂ ရက်နေ့မှာ ကျရောက်မယ့်  တောင်သူလယ်သမားနေ့အခမ်းအနား ကျင်းပနိုင်ဖို့ အကြိုညှိနှိုင်း အစည်းအဝေးကို ဧရာဝတီတိုင်းဒေသကြီး  ဓနုဖြူမြို့နယ် ဇီးဖြူကုန်းကျေးရွာမှာ ကျင်းပပါတယ်။

ဒီအခမ်းနားကို တောင်သူလယ်သမားတွေ ကိုယ်ထူကိုယ်ထ အစီအစဉ်နဲ့ ကျင်းပမှာဖြစ်ပြီး  လယ်ယာစိုက်ပျိုးရေး မွေးမြူရေးနဲ့ဆည်မြောင်း ပြည်ထောင်စုဝန်ကြီးနဲ့ ဧရာဝတီတိုင်း ဝန်ကြီးချူပ်တို့ တက်ရောက်ကာ တောင်သူလယ်သမား ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေး စကားဝိုင်းကျင်းပမှာဖြစ်ပါတယ်။

တောင်သူလယ်သမားနေ့ အခမ်းနားကို လယ်သမားဘဝဖွံ့ဖြိုးရေးအသင်းနဲ့ (Myitrum) ပရဟိတအဖွဲ့က ဦးဆောင်ကျင်းပတာဖြစ်ပါတယ်။

သတင်းဓါတ်ပုံ - လွင်မှိုင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013