DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ၏ ပထမဆုံး လူထုရေဒီယို ခရေ FM စတင်
DVB
·
February 19, 2018
မြန်မာနိုင်ငံ၏ ပထမဆုံး လူထုရေဒီယို ခရေ FM စတင်
Donate to DVB

မြန်မာနိုင်ငံမှာ  ပထမဆုံး လူထုရေဒီယိုဖြစ်တဲ့  ခရေ FM- ထန်းတပင် လူထုရေဒီယိုကို  ဖေဖော်ဝါရီ ၁၈ ရက်က စတင် ထုတ်လွှင့်လိုက်ပြီ ဖြစ်ပါတယ်။

ခရေ FM ရေဒီယိုကနေ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျန်းမာရေး၊ ပညာရေး၊ ဖွံ့ဖြိုးရေး၊ ဖျော်ဖြေရေးတွေအပြင် ထန်းတပင်မြို့နယ်ရဲ့ လှုပ်ရှားမှု သတင်းတွေကိုလည်း ထုတ်လွှင့်သွားမယ်လို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။

ရေဒီယိုအစီအစဉ်တွေ တိုက်ရိုက်ထုတ်လွှင့်မှုကို နေ့စဉ် မွန်းလွဲ ၂ နာရီမှ ၄ နာရီအထိ ထုတ်လွှင့်သွားမှာဖြစ်ပြီး နေ့စဉ် နံနက် ၈ နာရီမှ ၁၀ နာရီအထိ ပြည်လည်ထုတ်လွှင့်မှာ ဖြစ်ပါတယ်။ ရေဒီယိုသာမက မိုဘိုင်းလ်ဖုန်းနဲ့လည်း ၁၀၄.၈ MHz မှ ထန်းတပင်မြို့နယ်အတွင်း ဖမ်းယူ နားဆင်နိုင်မယ်လို့ သိရပါတယ်။

ခရေ FM - ထန်းတပင် လူထုရေဒီယို ထုတ်လွှင့်ဖို့  ရှေ့ပြေးစီမံကိန်း သဘောတူစာချုပ်ကို ၂၀၁၇ သြဂုတ် ၂၈ ရက်က ပြန်ကြားရေးဝန်ကြီးဌာန မြန်မာအသံနှင့်ရုပ်မြင်သံကြားနဲ့ ဂျာမနီနိုင်ငံက နိုင်ငံတကာမီဒီယာဖွံ့ဖြိုးရေးအဖွဲ့အစည်း ဖြစ်တဲ့ DW Akademie ၊ စုပေါင်းအားမာန်ကျေးရွာ ဖွံ့ဖြိုးရေး ဦးဆောင်အဖွဲ့တို့ လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ပြီး ဒေသခံ လုပ်အားပေး စေတနာ့ဝန်ထမ်းတွေနဲ့  အသံလွှင့် ထုတ်လွှင့်သွားမှာလို့ ဆိုပါတယ်။

ခရေ FM - ထန်းတပင် လူထုရေဒီယိုဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁၈ ရက် မနက်က ရန်ကုန်မြို့ ထန်းတပင်မြို့နယ်၊ အတွင်းသဲဖြူကျေးရွာ၊ စုပေါင်းအားမာန် ရုံးမှာ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် တက်ရောက် ဖွင့်လှစ်ပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013