DVB Logo
Home
မြန်မာသတင်း
အန်စီအေ အပစ်ရပ်လက်နက်ကိုင် ၁၀ ဖွဲ့ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေး
DVB
·
February 19, 2018
အန်စီအေ အပစ်ရပ်လက်နက်ကိုင် ၁၀ ဖွဲ့ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေး
Donate to DVB

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ)မှာ ပါဝင် လက်မှတ် ရေးထိုးထားကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၁၀ ဖွဲ့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ပထမဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးနေပါတယ်။

ဖေဖော်ဝါရီ ၁၈ နဲ့ ၁၉ နှစ်ရက်ကြာ ပြုလုပ်နေတဲ့ အစည်းအဝေးမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ဆက်လက်ဖော်ဆောင်နိုင်ရေးအတွက် ဆွေးနွေးကြတာ ဖြစ်တယ်လို့ အေဘီအက်စ်ဒီအက်ဖ်တပ်ဖွဲ့က ဦးမျိုးဝင်းက သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဒီအစည်းအဝေးမှာ အစိုးရနဲ့ မကြာသေးခင်ကမှ အန်စီအေ အပစ်ရပ် လက်မှတ်ထိုးထားတဲ့ မွန်ပြည်သစ်ပါတီနဲ့  လားဟူ ဒီမိုကရက်တစ်အစည်းအရုံးတို့က ကိုယ်စားလှယ်တွေလည်း ပါဝင် တက်ရောက်နေကြပါတယ်။

အန်စီအေမှာ  ရခိုင်အမျိုးသား လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော် (DKBA)၊ ကရင် ငြိမ်းချမ်းရေးကောင်စီ (KPC)၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA)၊ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ချင်းအမျိုးသားတပ်ဦး (CNF)နဲ့  မြန်မာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) စတဲ့ တပ်ဖွဲ့ ၈ ခုက ၂၀၁၅ ခုနှစ်မှာ ပါဝင်လက်မှတ်ထိုးခဲ့ကြပါတယ်။

မွန်ပြည်သစ်ပါတီ (NMPS)နဲ့  လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ကတော့ ၂၀၁၈ ဖေဖော်ဝါရီ ၁၃ ရက်ကမှ  ပါင်လက်မှတ်ထိုးခဲ့တာဖြစ်ပြီး  အခုအခါ အန်စီအေစာချုပ်မှာ  တိုင်းရင်းသားတပ်ဖွဲ့ ၁၀ ဖွဲ့ လက်မှတ်ထိုးပြီး ဖြစ်ပါတယ်။

Photo - Myo Win

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013