DVB Logo
Home
မြန်မာသတင်း
မြင်းခြံတွင် နိုင်​ငံ​ရေးအကျဉ်းသား​ဟောင်းမိသားစုဝင်​များ ​ပေးဆပ်​သူတို့စကားဝိုင်းကျင်းပ
DVB
·
February 19, 2018
မြင်းခြံတွင် နိုင်​ငံ​ရေးအကျဉ်းသား​ဟောင်းမိသားစုဝင်​များ ​ပေးဆပ်​သူတို့စကားဝိုင်းကျင်းပ
Donate to DVB

နိုင်​ငံ​ရေးလှုပ်​ရှားမှုတွေနဲ့ အကျဉ်းကျခံခဲ့ရ​တဲ့ မိသားစုဝင်​တွေနဲ့ ရန်​ကုန် ဝိမုတ္တိအမျိုးသမီးအဖွဲ့က ကြီးမှူးကာ ​ပေးဆပ်​သူတို့စကားဝိုင်း တစ်​ခုကို မန္တလေးတိုင်း​ဒေကြီး မြင်းခြံမြို့မှာ ​ဖေ​ဖော်​ဝါရီ ၁၈ ရက်​က ကျင်းပခဲ့ပါတယ်​။

ဝိမုတ္တိအမျိုးသမီးအဖွဲ့ အမှု​ဆောင်​ ဒါရိုက်​တာ​ဒေါ်ခင်​မိမိခိုင်​ က "​ခေတ်​ကာလ အဆက်​ဆက်​က မြန်​မာ့ဒီမိုက​ရေစီ​ဖော်​​ဆောင်​မှုအတွက်​ ​ပေးဆပ်​ခဲ့ရတဲ့ နိုင်​ငံ​ရေး အကျဉ်းသူ​ဟောင်းတွေနဲ့ နိုင်​ငံ​ရေးအကျဉ်း မိသားစုဝင်​ အမျိုးသမီးတွေရဲ့ အသံ​တွေကို မြှင့်​တင်​သွားဖို့ပါပဲ။ ​ခေတ်​အဆက်​ဆက်​က မြန်​မာ့ဒီမိုက​ရေစီ​ဖော်​​ဆောင်​မှုအတွက်​ ​ပေးဆပ်​ခဲ့သူများရဲ့ အတိတ်​ကာလ အဖြစ်​အပျက်တွေ ထုတ်​​ဖော်​​ပြောဆိုခြင်း ၊ ​ပျောက်​ဆုံး​နေ​တဲ့ အမှန်​တရားနဲ့ လူမှုတရားမျှတမှုကို ပြန်​လည်​ရှာ​ဖွေဖို့နဲ့၊ မြန်​မာပြည်​သူလူထုအ​ပေါ် လူမဆန်​စွာ ရက်​စက်​လှ​တဲ့ ဖိနှိပ်ညှင်းပန်းမှုတွေကို သင်​ခန်းစာယူပြီး ​နောင်​ အနာဂတ်​မှာ ထပ်​မံမဖြစ်​​ပေါ်​စေရန်​ အတွက်​ ခုလို စကားဝိုင်း​တွေကျင်းပတာ”လို့​ပြောပါတယ်​။

မြင်းခြံမြို့မှာ  နိုင်​ငံ​ရေးအကျဉ်းသား​ဟောင်း ဦး​ရေ ၄၀ ​ကျော်​ရှိပြီး နိုင်​ငံ​ရေးအကျဉ်းသား​တွေရဲ့ မိသားစုဝင်​​တွေနဲ့  ဝိမုတ္တိအမျိုးသမီးအဖွဲ့ဟာ ပထမဆုံးအကြိမ်​ ​တွေ့ဆုံတာလည်း ဖြစ်​ပါတယ်​။

နိုင်​ငံရေးအကျဉ်းသားဟောင်း ဦးစိန်​မြင့်က "မြင်းခြံမှာ ခုလိုနိုင်​ကျဉ်းမိသားစု​တွေရဲ့ အမျိုးသမီး​တွေနဲ့ ​တွေ့ဆုံတာ ဒါ ပထမဆုံးအကြိမ်​ဖြစ်​ပါတယ်​။ မြန်​မာ့နိုင်​ငံ​ရေး ​လောက တစ်​​လျှောက်​လုံးကို ကြည့်​လိုက်ပါ။  နိုင်​ငံ​ရေးသမား​တွေရဲ့ မိသားစုဝင်​​တွေကို သက်​သက်​​တွေ့တဲ့ ပွဲမျိုးလုပ်​တာမရှိခဲ့ပါဘူး။ တကယ်​တမ်း​တော့ နိုင်​ငံ​ရေးသမားတစ်​​ယောက်​ကို ရပ်​တည်​နိုင်​ဖို့ အတွက်​ ​ဘေးက​နေ ပံ့ပိုး ကူညီခဲ့တာ အဲ့ဒီနိုင်​ငံ​ရေးသမားနဲ့ မိသားစု ၊ အထူးသဖြင့်​ သူတို့ရဲ့ ဇနီး ၊ အမျိုးသမီးဆိုရင်​ သူတို့ရဲ့ ခင်​ပွန်းတို့က ရပ်​တည်​​ပေးခဲ့ကြလို့ နိုင်​ငံ​ရေးကိုပါဝင်​​ဆောင်​ရွက်​ နိုင်​ခဲ့တာပါ”လို့ပြောပါတယ်​။

ပေးဆပ်​သူတို့ စကားဝိုင်းမှာ​တော့ မြင်းခြံမြို့ရှိ အကျဉ်းကျခံနိုင်​ငံ​ရေးသမားတွေရဲ့ ဇနီးတွေကလည်း အမျိုးသမီး​တွေရဲ့ ဘဝ​ခက်​ခဲကြမ်းတမ်းမှု​တွေကို ကြံ့ကြံ့ခိုင်​ ရပ်​တည်​ ဖြတ်​သန်းခဲ့ရတဲ့ အ​ကြောင်းတွေ ​ပြောဆို​ဆွေး​နွေးခဲ့ကြပါတယ်​။

စကားဝိုင်းကို နိုင်​ငံ​ရေးသမား မိသားစုဝင်​တွေနဲ့ စိတ်​ပါဝင်​စားသူ ဦး​ရေ ၁၀၀လောက် တက်​​ရောက်​ခဲ့ကြပါတယ်။ ဝိမုတ္တိအမျိုးသမီးအဖွဲ့အနေနဲ့ ခုလို နိုင်​ကျဉ်းမိသားစု​တွေနဲ့ ​စကားဝိုင်း ကျင်းပလာတာဟာ  မြင်းခြံ အပါအဝင်​ ၁၁ ကြိမ်​ ​မြောက်​ရှိပြီလို့လည်း သိရပါတယ်​။

သတင်း ရီရီထွန်း (မြင်းခြံ )

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013