DVB Logo
Home
မြန်မာသတင်း
ရခိုင်ကိစ္စ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဝေဖန်စွပ်စွဲမှုများ တရားမျှတမှုမရှိဟု ရုရှားပြော
DVB
·
February 19, 2018
ရခိုင်ကိစ္စ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဝေဖန်စွပ်စွဲမှုများ တရားမျှတမှုမရှိဟု ရုရှားပြော
Donate to DVB

ရခိုင်ပြည်နယ်အရေးနဲ့စပ်လျဉ်းပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ် နိုင်ငံတကာက ဝေဖန်စွပ်စွဲမှုများ ပြုလုပ်ကြတာဟာ တရားမျှတမှု မရှိဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံရုံးက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ဆောင်မှုတွေဟာ  တမျိုးသားလုံးရဲ့  ကိုယ်ပိုင် အကျိုးစီးပွားအတွက် တိုင်းပြည်ကို ရှေ့ဆုံးကနေ ဦးဆောင်လမ်းပြပေးနေတာဖြစ်ပြီး  မိမိကိုယ်ကို အားကိုးတဲ့ နိုင်ငံခြားရေးဝါဒကို ကျင့်သုံးနေတယ်လို့လည်း သံရုံးကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဖေဖော်ဝါရီ ၁၈ ရက် ရုရှား-မြန်မာ နှစ်နိုင်အကြား သံတမန်ဆက်ဆံရေးထူထောင်တဲ့ နှစ် (၇၀) ပြည့်နေ့ ထုတ်ပြန်ချက်မှာ အခုလို ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဘယ်လို ဖြေရှင်းရမယ်ဆိုတာ  အုပ်ချုပ်သူ အစိုးရနဲ့  မြန်မာနိုင်ငံသားတွေက လွဲပြီး ဘယ်သူ တဦးတယောက်ကမျှ ပိုလို့ ကောင်းမွန်စွာ သိရှိနိုင်မှာ  မဟုတ်ဘူးလို့လည်း သံရုံးကြေညာချက်မှာ ဖော်ပြပါတယ်။

အခုလက်ရှိ အချိန်မှာ မြန်မာနိုင်ငံဟာ ရခိုင်ပြည်နယ်ရှိ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ရှုပ်ထွေးတဲ့ ပြဿနာ အခက်အခဲနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်။ ဒီနေရာမှာ ARSA အစွန်းရောက် အကြမ်းဖက်သမားတွေက အလစ်တိုက် နေရာယူထားကာ၊ အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်နေကြတယ်။ အကြမ်းဖက်သမားတွေဟာ ရဲစခန်းတွေနဲ့ စစ်တပ်တွေကို တိုက်ခိုက်ခဲ့ကြပြီး  ရလဒ်အနေနဲ့ အစ္စလာမ် ၆ သိန်းကျော်ဟာ အုပ်စုလိုက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာသွားကြတယ်လို့ ဆို့ပါတယ်။

ရခိုင်ပြဿနာရဲ့ ပင်မဇာစ်မြစ်ဟာ အတိတ် ကိုလိုနီလက်ထက်ကတည်းက စတင်ခဲ့တာလို့  သဘောပေါက် နားလည်ရတယ်၊ အင်္ဂလိပ်လက်ထက် မြန်မာနိုင်ငံသို့ အစုလိုက် အပြုံလိုက် ဝင်ရောက်လာတဲ့ မွတ်ဆလင်-ဘင်္ဂါလီတို့ဟာ ရခိုင်မှာ အခြေချနေထိုင်ခဲ့တယ်။ အတင်းအကျပ် ပြောင်းရွှေ့နေထိုင်ဖို့ အကြမ်းဘက်မှု ဂယက်တွေဟာ အခါအားလျော်စွာ ဖြစ်ပွားခဲ့ပြီး ကာလရှည်ကြာ ဖြစ်ပျက်လာခဲ့တဲ့ သက်တမ်းရင့်နေပြီဖြစ်တဲ့ ပြဿနာကို မျက်စိတမှိတ်အတွင်း ဖြေရှင်းလို့ မရနိုင်တာကို နားလည်သဘောပေါက်ရပါမယ်လို့လည်း ရုရှားသံရုံးကြေညာချက်မှာ ဖော်ပြပါတယ်။

ပထမဦးစားပေးအနေနဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ အစိုးရအာဏာပိုင်တွေဟာ စိတ်ရှည် သည်းခံပြီး လုပ်ဆောင်ကြဖို့ လိုအပ်တယ်လို့လည်း မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံရုံးက တိုက်တွန်းထားပါတယ်။

ဒါ့အပြင် အချို့သောနိုင်ငံတွေက မြန်မာ့တပ်မတော်က လူမျိုးတုံး သတ်ဖြတ်ရေးဝါဒကို ကျင့်သုံးပြီး လူမျိုးတမျိုးလုံးအား အစုလိုက် အပြုံလိုက် သတ်ဖြတ်နေတယ်လို့  ခိုင်လုံတဲ့ အထောက်အထားမရှိဘဲ စွပ်စွဲကာ နေပြည်တော်ကို ပြင်းထန်စွာ ဖိအားပေးတဲ့ လမ်းကို ရွေးချယ်ခဲ့ကြတယ်၊  အရေးယူ ပိတ်ဆို့မှုတွေ ပြုလုပ်မယ်လို့ ခြိမ်းခြောက်ပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ်လည်း ဝေဖန်စွပ်စွဲမှုတွေ ပြုလုပ်ကြလို့ ဒီအပေါ်မှာ ရုရှားနိုင်ငံ အနေနဲ့ တရားမျှတမှု မရှိလို့ ယူဆကြောင်းလည်း ရုရှားသံရုံး ကြေညာချက်မှာ ဖော်ပြလိုက်ပါတယ်။

ရခိုင်ပြည်နယ်၊ မောင်တောဒေသက နေရပ်စွန့်ခွာ ထွက်ပြေးသွားသူတွေအရေးနဲ့ စပ်လျဉ်းပြီး ကုလသမဂ္ဂ၊ အမေရိကန်နဲ့ ဥရောပနိုင်ငံတချို့က မြန်မာအစိုးရအပေါ် ဝေဖန်ပြစ်တင်နေချိန်မှာ ရုရှား၊ တရုတ်၊ ဂျပန်နဲ့ အိန္ဒိယနိုင်ငံတွေက မြန်မာကို ထောက်ခံကူညီပေးနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013