DVB Logo
Home
မြန်မာသတင်း
တာချီလိတ်တွင် အမျိုးသားတဦး တူမီးသေနတ်ဖြင့် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်
DVB
·
February 19, 2018
တာချီလိတ်တွင် အမျိုးသားတဦး တူမီးသေနတ်ဖြင့် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်
Donate to DVB

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်မှာ အမျိုးသားတဦး တူမီးသေနတ်နဲ့  ကိုယ့်ကိုယ်ကိုယ် ပစ်ခတ်ပြီး သေကြောင်းကြံစည်မှု ဖြစ်ပွားခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၇ ရက်နေ့ မနက်ပိုင်းက တာချီလိတ်မြို့နယ်၊ ရန်ရှင်း (၃) ရွာနေ ကိုဆေသ (၂၂-နှစ်)ဟာ ဖခင်နဲ့အတူ တောင်ယာလုပ်ကိုင်နေရာက တောင်ယာတဲထဲမှာ တူမီးသေနတ်ပြောင်း ပါးစပ်ထဲ ထည့်ပြီး ခလုတ်ကို ယာခြေမနဲ့ဖိကာ  ကိုယ့်ကိုယ်ကိုယ် ပစ်ခတ် သေကြောင်းကြံစည်ခဲ့တာလို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။

ပစ်ခတ်မှုကြောင့် ပါးစပ်ညိုမည်း ဒဏ်ရာတွေ (စိုးရိမ်ရ) ရရှိခဲ့လို့ တာချီလိတ်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ကုသခဲ့တယ်လို့ ဆိုပါတယ်။

ကိုဆေသအား တာချီလိတ်မြို့မရဲစခန်း ရာဇသတ်ကြီး ပုဒ်မ ၃၀၉ (သေကြောင်း ကြံစည်မှု) နဲ့ အမှုဖွင့် စစ်ဆေးနေပါတယ်။

ဓာတ်ပုံ - ပြည်ထဲရေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013