DVB Logo
Home
မြန်မာသတင်း
ကိုကာကိုလာ အချိုရည်စက်ရုံ အလုပ်သမားများ လျော်ကြေးကိစ္စ သဘောတူညီမှုရရှိ
DVB
·
February 18, 2018
ကိုကာကိုလာ အချိုရည်စက်ရုံ အလုပ်သမားများ လျော်ကြေးကိစ္စ သဘောတူညီမှုရရှိ
Donate to DVB

အလုပ်ရပ်စဲတာ၊ ကုမ္ပဏီပြောင်းရွှေ့တာတွေကြောင့် အငြင်းပွားမှုတွေဖြစ်ခဲ့တဲ့ ကိုကာကိုလာအချိုရည် စက်ရုံ အလုပ်သမား ၁၆၀ လောက်ဟာ တဦးကို ကျပ် ၁၄ သိန်းကျော်ကနေ သိန်း ၄၀ ကျော်ထိ ရရှိမယ့် နို့တစ်ကြေး၊ ဘောနပ်ကြေး၊ လုပ်သက်ကြေးတွေနဲ့ အလုပ်ရပ်နားဖို့ သဘောတူညီလိုက်ပါတယ်။

မှော်ဘီမြို့နယ်မှာ စက်ရုံဖွင့်လှစ်ထားတဲ့ Coca-Cola Pinya Beverages Myanmar (CCPBM) သယ်ယူပို့ဆောင်ရေးကဏ္ဏမှာ တာဝန်ထမ်းဆောင်နေတဲ့ အလုပ်သမားအားလုံးကို အလုပ်က ရပ်စဲ/ပြောင်းရွှေ့ပြီး သယ်ယူပို့ဆောင်ရေး ကဏ္ဏတစ်ခုလုံးကို Third Party ကုမ္ပဏီ ၃ ခုကို လွှဲပြောင်းတာဝန်ပေးလိုက်တယ်လို့ ဖေဖော်ဝါရီ ၁၃ ရက်နေ့က စက်ရုံတာဝန်ရှိသူတွေက တွေ့ဆုံပြောကြားပြီးနောက် အခုလို အငြင်းပွားမှုတွေဖြစ်လာတာပါ။

မှော်ဘီမြို့နယ် အလုပ်သမားညှိနှိုင်းဖြန်ဖြေရေး အလုပ်သမားကိုယ်စားလှယ် ဦးရဲဝင်းထွန်းက “ဖေဖော်ဝါရီ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး လျော်ကြေးတွေပေးဖို့ သဘောတူခဲ့ပါတယ်။ လုပ်သက်ကြေးကတော့ လုပ်သက်အနည်းဆုံး ၂ နှစ်ကနေ အများဆုံး ၁၈ နှစ်ထိကို ရရှိပါတယ်။ အဲဒါကြောင့် တဦးကို နို့တစ်ကြေး၊ ဘောနပ်ကြေး၊ လုပ်သက်ကြေးတွေနဲ့ ဒီလလစာအပါအဝင် အနည်းဆုံးကျပ် ၁၄ သိန်းကျော်ကနေ အများဆုံး ကျပ်သိန်း ၄၀ ကျော်ထိ ရမှာဖြစ်ပါတယ်။ အလုပ်သမား ၁၅၇ ဦးအတွက်ပါ”လို့ ဒီဗွီဘီ ကိုပြောပါတယ်။

ဒါ့အပြင် အလုပ်ရပ်နားရမယ့် အလုပ်သမားတွေကို Coca က သယ်ယူပို့ဆောင်ရေးအတွက်လွှဲပြောင်း တာဝန်ပေးမယ့် Third Party ကုမ္ပဏီ ၃ ခုမှာ အလုပ်အကိုင် ရရှိအောင်လည်း ညှိနှိုင်းပေးဖို့ သဘောတူညီထားတယ်လို့ဆိုပါတယ်။

CCPBM ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ ၂၀၁၃ ခုနှစ် ဇွန်လက လုပ်ငန်းစတင်ခဲ့ပြီး ၅ နှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၂၀၀ လောက် ရင်းနှီးမြှုပ်နှံထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013