DVB Logo
Home
မြန်မာသတင်း
သက်ငယ်မုဒိမ်းပြုကျင့်သူကို သေဒဏ်ပေးရေး လူဦးရေ ၇၀၀ ခန့် တောင်းဆိုဆန္ဒပြ
DVB
·
February 18, 2018
သက်ငယ်မုဒိမ်းပြုကျင့်သူကို သေဒဏ်ပေးရေး လူဦးရေ ၇၀၀ ခန့် တောင်းဆိုဆန္ဒပြ
1 / 6
Donate to DVB

၂ နှစ်ကျော်အရွယ် မိန်းကလေးအား သက်​ငယ်​မုဒိမ်းပြုကျင့်တဲ့ ဖြိုးထက်​​အောင်​ကို​ သေဒဏ်​​ပေး​ရေး ​တောင်းဆိုဆန္ဒထုတ်​​ဖော်​ပွဲကို မတ္တရာမြို့နယ်မှာ ကျင်းပခဲ့ပြီး မြို့နယ် ၄ ခုက ဒေသခံ ၇၀၀ လောက် ပါဝင်ခဲ့ကြပါတယ်။

ဖေ​ဖော်​ဝါရီ ၁၃ရက်​​နေ့က မန္တ​လေးတိုင်း မတ္တရာမြို့​မြွေကတိုးဆိပ်​​နေထိုင်​တဲ့ ၂ နှစ်​ ၅ လအရွယ်​ မိန်းက​လေးကို မုဒိမ်းကျင့်ပြီး သတ်​ပစ်​ခဲ့တဲ့ ဖြိုးထက်​​အောင်​ကို ​သေဒဏ်​​ပေး​ရေး ဆန္ဒပြု လက်​မှတ်​တွေ ​ကောက်​ခံပြီး ဆန္ဒ​ဖော်​ထုတ်​ခဲ့ကြပါတယ်​။

မတ္တရာမြို့အဝင်ဒင်္ဂါးချောင်းကနေ မိုးကုတ်ကားလမ်းအတိုင်းလှည့်လည်ပြီး မတ္တရာဟစ်တိုင်ကွင်းကို သွားရောက်မှာ ဖြစ်ပါတယ်။

တရားဥပ​ဒေစိုးမိုး​ရေး၊ သက်​ငယ်​မုဒိမ်း ပ​ပျောက်​​ရေး၊ သက်​ငယ်​မုဒိမ်း​သေဒဏ်​​ပေး​ရေး ဥပ​ဒေပြဋ္ဌာန်း​ပေး​ရေး၊ သက်​ငယ်​မုဒိမ်းပြုကျင့်ခဲ့တဲ့ ဖြိုးထက်​​အောင်​ကို ​သေဒဏ်​အထိ​ ပေး​ရေး တို့ကို မတ္တရာမြို့နယ်၊ စဥ့်ကူးမြို့နယ်​၊ ပုသိမ်​ကြီးမြို့နယ်​နဲ့ သပိတ်​ကျင်းမြို့်​နယ်​အတွင်းက​ ကျေးရွာ​တွေက ရွာ​ပေါင်း၂၀ ​ကျော်​က အင်​အား ၇၀၀ နီးပါးက​ တောင်းဆိုဆန္ဒထုတ်​​ဖော်​ခဲ့ကြပါတယ်​။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့က မတ္တရာမြို့နယ် ရေချောင်းဘိုရွာမှာ အသက် ၂ နှစ်အရွယ် မိန်းကလေးငယ်တယောက် အဓမ္မကျင့်ခံရပြီး သေဆုံးသွားတာပါ။

ဝန်စုရွာကို ထင်းလာခုတ်တဲ့ မြွေကူတို့ဆိပ်ရွာက လင်မယားနှစ်ယောက်ဟာ သမီးငယ်ကို ရွာထဲက အိမ်တအိမ်မှာ အပ်ခဲ့ပြီး အနားက တောတန်းမှာ ထင်းသွားခုတ်နေခဲ့ပါတယ်။ အဲဒီနောက် ကလေးပျောက်နေတယ်ဆိုတာ သိရလို့ ရွာသားတွေနဲ့အတူ လိုက်ရှာဖွေခဲ့ပြီး ရေချောင်းဘိုရွာနားက ငှက်ပျောစိုက်ခင်းနားမှာ အသက် ၂၅ နှစ်အရွယ်၊ ဝန်စုရွာသား ဖြိုးထက်အောင်က အဓမ္မ ကျင့်ကြံနေတာကိုတွေ့လို့ အော်ဟစ်ရာမှာ ဖြိုးထက်အောင် ထွက်ပြေးသွားပါတယ်။ ကလေးကို မတ္တရာဆေးရုံကိုပို့ပေမယ့် နာရီဝက် အကြာမှာပဲ သေဆုံးသွားတာပါ။ အဲဒီနောက် မန္တလေးဆေးရုံကြီးကိုပို့ပြီး ခွဲစိတ်စစ်ဆေးရာမှာတော့ အသက်ရှူလမ်းကြောင်းပိတ်ဆို့တာလို့ ဆရာဝန်က မှတ်ချက်ပေးထားပါတယ်။
လက်ရှိမှာတော့ ကျူးလွန်သူကိုလည်း ဖမ်းမိထားပြီး ရေနံ့သာနယ်မြေစခန်းမှာ မုဒိန်းမှုနဲ့ လူသတ်မှု ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၀၂ နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်နေပါတယ်။

၂၀၁၆ ခုနှစ်က တနိုင်ငံလုံးမှာ အသက် ၁၆ နှစ်အောက် ကလေးငယ်တွေ မုဒိန်းကျင့်ခံရမှု ၆၇၁ မှု ဖြစ်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှာတော့ ၈၉၇ မှု ဖြစ်လာလို့ အမှုပေါင်း ၂၀၀ ကျော်တိုးလာတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013