DVB Logo
Home
မြန်မာသတင်း
တိုက်ကြီးတွင် ဈေးဆိုင်ခန်းများ ဖျက်သိမ်းခိုင်းသဖြင့် ဈေးရောင်းချသူများ အခက်ကြုံနေ
DVB
·
February 17, 2018
တိုက်ကြီးတွင် ဈေးဆိုင်ခန်းများ ဖျက်သိမ်းခိုင်းသဖြင့် ဈေးရောင်းချသူများ အခက်ကြုံနေ
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ဆောက်လုပ်ရေးဦးစီးဌာနပိုင် ဈေးဆိုင်ခန်းတွေကို ဖယ်ရှားဖျက်သိမ်းခိုင်းတဲ့အတွက် အခက်အခဲတွေ ကြုံတွေ့ရတဲ့အခြေနေကို ဈေးရောင်းချသူတွေက မနေ့က သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။

ဆောက်လုပ်ရေးဦးစီးဌာန၊ လမ်းဦးစီးဌာနပိုင် မြေနေရာကို ငှားရမ်းဆောက်လုပ်ထားတဲ့ ဈေးဆိုင်ခန်းတွေကို ၃၁-၁၂-၂၀၁၇ ရက်နေ့အထိ စာချုပ်ချူပ်ဆိုငှားရမ်းထားတဲ့အတွက် စာချူပ်သက်တမ်းကုန်ဆုံးတဲ့ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှာ အပြီးဖယ်ရှားပေးဖို့နဲ့ လိုက်နာမူမရှိတဲ့ မြေငှားဆိုင်ပိုင်ရှင်တွေကို ထိရောက်စွာ အရေးယူသွာမယ်လို့ စာထုတ်ထားတာပါ။

ဆိုင်ခန်းပိုင်ရှင်တဦးဖြစ်တဲ့ ဦးတင်မောင်ဖြူက" ၁၉၉၇ ခုနှစ်မှာ ဆောက်လုပ်ရေး ဦးစီးဌာနက ဆိုင်ခန်းတွေစဆောက်တယ်။ ၁၉၉၈ ခုနှစ်မှာ ရောင်းတယ်။ ကျနော်တို့ တခန်းကို ၈ သောင်းကနေ ၁ သိန်းအထိ ပေးဝယ်ရတယ်။ ကျန်နော်တို့မှာ စာချူပ်တွေရှိပါတယ်။ ဒါအပြင် ၀န်ထမ်းသက်သာဆိုပြီး တလကို ၂၀၀၀ ကျပ်ပေးရတယ်။ နောက်တဖြည်းဖြည်း တိုးကောက်လာတာ အခုဆို ၁ ခန်းကို ၃ သောင်းကနေ ၆ သောင်းအထိ ပေးနေရပါတယ်။ အခုကျနော်တို့ကို ကျူးကျော်တွေပါဆိုပြီး ဆိုင်ခန်းတွေ ဖျက်ပေးဖို့ စာတွေထုက်ပါတယ်။ ကျနော်တို့တွေက ကျူးကျော်တွေမဟုတ်ပါဘူး။ ဆောက်လုပ်ရေးကရောင်းလို့ တရားဝင်ဝယ်ထားတာပါ" လို့ ပြောပါတယ်။

ဆိုင်ခန်းပိုင်ရှင် ဦးအောင်မြင့်ကြိုင်က "ဆောက်လုပ်ရေးဦးစီးဌာနက ဆိုင်တွေဖျက်ပေးဖို့ စာတွေထုက်တော့ ကျနော်တို့ ဈေးသည်တွေစုပြီး ဝန်ကြီးဌာန ၁၁ ခုကို စာတင်ထားပါတယ်။ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရှိန်နဲ့သွားတွေ့တယ်။ သူက ဆောက်လုပ်ရေးဦးစီးဌာနက တာဝန်ရှိသူတွေနဲ့ တွေ့ပေးမယ်၊ ဈေးသည်တွေရဲ့ အခက်အခဲကို ပြေလည်ဖို့နဲ့ အကောင်းဆုံးဖြစ်အောင် ညှိပေးပါမယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဒီနေ့အချိန်ထိ ဘာမှာတော့အကြောင်းမပြန်သေးပါဘူး။ မြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနကိုလည်း အသနားခံစာတင်ထားပါတယ်၊ ဒီနေ့အထိတော့ မထူးခြားသေးပါဘူး။ အခုဆိုင်ခန်းတွေကို ဖျက်ခိုင်းတဲ့စာက ၂ ကြိမ်ရှိပြီရောက်တာ၊ ဒီဆိုင်ခန်းတွေကို ဖျက်ပေးရမယ်ဆို ဈေးသည်မိသားစုတွေ အခက်အခဲတွေအများကြီးနဲ့ ရင်ဆိုင်ရမှာပါ" လို့ ပြောပါတယ်။

တိုက်ကြီးမြို့နယ် ဆောက်လုပ်ရေးဦးစီးဌာနပိုင် ဈေးဆိုင်ခန်းတွေဟာ တိုက်ကြီးမြို့ပေါ်မှာ ၄၃ ခန်း၊ ဥက္ကံမြို့မှာ ၂၉ ခန်းရှိပြီး ထမင်းဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ဆံပင်ညှပ်ဆိုင်၊ မိတ္တူဆိုင်နှင့်အလှပြင်ဆိုင်များဖြစ်ပြီး မြို့ရဲ့ အချက်အချာကျတဲ့ နေရာတွေမှာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒီဗွီဘီသတင်းဌာနက ဆောက်လုပ်ရေး ဦးစီးဌာနကို သွားရောက် မေးမြန်းခဲ့ပေမယ့် မေးမြန်းခွင့်မရခဲ့ပါဘူး။

သတင်း-မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013