DVB Logo
Home
မြန်မာသတင်း
မြန်မာထိပ်တန်းစစ်ဗိုလ်ချုပ်တဦးကို ကနေဒါက ဒဏ်ခတ်ပိတ်ဆို့
DVB
·
February 17, 2018
မြန်မာထိပ်တန်းစစ်ဗိုလ်ချုပ်တဦးကို ကနေဒါက ဒဏ်ခတ်ပိတ်ဆို့
Donate to DVB

ရိုဟင်ဂျာတွေကို လူ့အခွင့်အရေးချိုးဖောက်ခဲ့မှုနဲ့ ဆက်နွှယ်ပြီး မြန်မာထိပ်တန်း စစ်ဗိုလ်ချုပ် တဦးကို ကနေဒါနိုင်ငံက ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်ပါတယ်။

ရိုဟင်ဂျာဒုက္ခသည် ၇ သိန်းနီးပါး လူ့အခွင့်ရေးချိုးဖောက်ခံရပြီး မြန်မာနိုင်ငံက ထွက်ပြေးခဲ့မှုမှာ ဗိုလ်ချုပ်မောင်မောင်စိုးဟာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်တာကြောင့် အခုလို ဒဏ်ခတ်အရေးယူခဲ့တာလို့ ကနေဒါ နိုင်ငံခြားရေးဝန်ကြီး Chrystia Freeland က ပြောကြောင်း သည်ဂလုပ်ဘ်အန်မေးလ်သတင်းမှာ ဖော်ပြထားပါတယ်။

ရိုဟင်ဂျာတွေအပေါ် ရာဇဝတ်မှုတွေ ကျူးလွန်နေတာကို ကနေဒါအစိုးရက နှုတ်ပိတ်ပြီး မသိချင်ဟန်ဆောင်နေမှာ မဟုတ်ဘူးလို့လည်း မစ္စ Freeland က ပြောကြားလိုက်ပြီး ဒီလုပ်ရပ်တွေအတွက် တာဝန်ခံရမယ်လို့လည်း ဆိုပါတယ်။

ကနေဒါနိုင်ငံရဲ့ ဥပဒေအသစ်နဲ့ ပစ်မှတ်ထား ဒဏ်ခတ်အရေးယူခံရတာမှာ ဗိုလ်ချုပ်မောင်မောင်စိုးက ၅၃ ဦးမြောက်နဲ့ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးဖြစ်ပြီး ဒီဥပဒေအရ ကမ္ဘာတဝှမ်းလုံးက လူ့အခွင့်အရေး ချိုးဖောက်သူတွေကို ခရီးသွားလာခွင့်ပိတ်ပင် ကန့်သတ်ပြီး ပိုင်ဆိုင်မှု ရွှေ့ပြောင်းသုံးစွဲခွင့်တွေကို တားမြစ်လိုက်တာပါ။

ဗိုလ်ချုပ်မောင်မောင်စိုးဟာ ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလက ရခိုင်ပြည်နယ် အနောက်ပိုင်းကွပ်ကဲရေးမှူး ရာထူးက ပြောင်းရွှေ့ခဲ့ပြီး ဘယ်နေရာကို ပြောင်းရွှေ့တယ်ဆိုတာတော့ အသေအချာ မသိရပါဘူး။

ဗိုလ်ချုပ်မောင်မောင်စိုးကို အမေရိကန်နိုင်ငံကလည်း ဒဏ်ခတ်အရေးယူတဲ့အကြောင်း ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ကြေညာခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013